သြစတြေးလျအိုးပင်း ဆီမီးဖိုင်နယ်တွင် ဂျိုကိုဗစ်နှင့် ပေါ်အီလီ၊ နာဒယ်နှင့် တီဆစ်စီပက်စ်တို့ ရင်ဆိုင်တွေ့

သြစတြေးလျအိုးပင်း ဆီမီးဖိုင်နယ်တွင် ချန်ပီယံခြောက်ကြိမ်ဖြစ်ဖူးသူ ဂျိုကိုဗစ်သည် ဆီမီးဖိုင်နယ်သို့ ပထမဆုံး တက်ရောက်လာသူ လူးကပ်စ်ပေါ်အီလီနှင့် ရင်ဆိုင်ရမည်ဖြစ်ကာ ကမ္ဘာ့အဆင့် (၂) တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ်က ဂရိလူငယ်ကြယ်ပွင့် တီဆစ်စီ ပက်စ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဆားဘီးယားတင်းနစ်  အကျော်အမော် ဂျိုကိုဗစ် (၃၁) နှစ်သည် ဂျပန်မှ နီရှိကိုရီကို ၆-၁၊ ၄-၁ ဖြင့် ဦးဆောင်ထားစဉ် နီရှီကိုရီ ဒဏ်ရာကြောင့် အနားယူခဲ့ရမှုနှင့်အတူ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။

ပြင်သစ်တင်းနစ်သမား လူးကပ်စ်ပေါ်အီလီသည် မီလို့စ်ရာအိုနစ်ကို ကွာတားတွင် ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ပြိုင်ပွဲဝင်အဆင့် ထိပ်ဆုံးနေရာမှ ဂျိုကိုဗစ်နှင့် သောကြာနေ့၌ ဆီမီးအဆင့်တွင် ရင်ဆိုင်ရမည်ဖြစ်သည်။

အမေရိကန်မှ ဖရန့်စ်တီယာဖိုကို အနိုင်ရခဲ့သည့် နာဒယ်သည် ကွာတားဖိုင်နယ်၌  ဖက်ဒဲရာကို ခက်ခက်ခဲခဲ အနိုင်ယူခဲ့သော ဂရိလူငယ်ကြယ်ပွင့် တီဆစ်စီပက်စ် နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ရောဘတ်တိုဘော်တစ်စတာ အဂူကို အနိုင်ရခဲ့သည့် တီဆစ်စီပက်စ်၏  လက်ရည်နှင့်ပတ်သက်၍ ဂျိုကိုဗစ်က ချီးကျူးပြီး ၎င်းသည်လာမည့် တင်းနစ် လောကကို ဦးဆောင်မည့်မျိုး ဆက်သစ် တစ်ဦးဖြစ်သည်ဟု ချီးကျူးသည်။

အမျိုးသမီးကွာတားအဆင့်တွင် ဆီရီနာဝီလီယံသည် ချက်တင်းနစ်ချန်ပီယံ ကာရှီလီနာပိ လစ်ကိုဗာကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့သည်။

အမျိုးသမီးဆီမီးဖိုင်နယ်တွင် ချက်တင်းနစ်မယ် ပီထရာ ကေဗီတိုဗာသည် အမေရိကန် တင်းနစ်မယ် ကိုလင်းစ်နှင့် ရင်ဆိုင်ရမည်ဖြစ်ကာ ပိလစ်ကိုဗာမှာ ဂျပန်မှ နာအိုမီအိုဆာကာနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ယင်းဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇန်နဝါရီ ၂၄ ရက် နံနက် ၉ နာရီခွဲမှ နေ့လယ် ၃ နာရီအထိ ကျင်းပမည်ဖြစ်သည်။ 

-Ref: Skysports