တမူးပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအတွေ့အကြုံရှင်းလင်းပွဲကျင်းပ

 

တမူး ဇွန် ၂၄

တမူးခရိုင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီ လာခံအတွေ့အကြုံရှင်းလင်းပွဲကို ယနေ့ နံနက် ၁ဝ နာရီက တမူး ပြည်ခိုင်ဖြိုးပါတီ ရွှေခြင်္သေ့ခန်းမ တွင် ကျင်းပသည်။

အခမ်းအနားကို နိုင်ငံတော် သီချင်း သံပြိုင်ရွတ်ဆို၍ ဖွင့်လှစ် သည်။ ဆက်လက်၍ တမူးခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင် ရွှေက အဖွင့်အမှာစကားပြောကြား ပြီး တမူးခရိုင်မှ ပါတီလူငယ် ညီလာခံသို့ တက်ရောက်ခဲ့ကြသော မောင်ကျော်စိုးလင်းနှင့်မမိုးစက်ပွင့် တို့က ၄င်းတို့၏အတွေ့အကြုံများ ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စစ်ကိုင်းတိုင်း ဒေသကြီး ပါတီလူငယ်လှုပ်ရှားမှု ခေါင်းဆောင် ဦးမင်းဇော်မြင့်က ပြန် လည်ဖြည့်စွက်ပြောကြား၍ အခမ်း အနားကို နံနက် ၁၁ နာရီ ၄၅မိနစ် တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ရွှေခြင်္သေ့(တမူး)