မြန်အောင်မြို့နယ်တွင် လူငယ်ရေးရာ တွေ့ဆုံပွဲကျင်းပ

 

မြန်အောင်၊ သြဂုတ် ၂၆

သြဂုတ်လ ၂၆ ရက်နေ့တွင် မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ပြုလုပ်သော လူငယ်တွေ့ဆုံပွဲသို့ ပါတီဗဟို အတွင်းရေးမှူး ဦးသန်းထွန်း၊ ပါတီပြောရေးဆိုင်ခွင့် ရှိသူများဖြစ်သော ဒေါက်တာနန္ဒာလှမြင့်၊ ဦးအောင်ချိုဦးနှင့် ဒေါ်နန်းမြမီမီဇော်၊ ဗဟိုလူငယ်ရေးရာ ကော်မတီဝင်များဖြစ်သော ဒေါ်ကျော့ယဉ်ဝင်းနှင့် ဦးလှထွန်းဦး၊ ဧရာဝတီ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်း၊ တိုင်းလူငယ်တာဝန်ခံ ဦးသက်လင်းနှင့် ကော်မတီဝင်များ၊ ဟင်္သာတ ခရိုင် ၆ မြို့နယ်မှ လူငယ်များ တက်ရောက်ခဲ့ကြပြီး နံနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခန့်အထိ ပြုလုပ်ခဲ့ကာ လူငယ် လုပ်ငန်းအဖွဲ့များ ရှေ့ဆက်လုပ်ဆောင်ရမည့် မူဝါဒနှင့် လုပ်ငန်းစဉ်များအား တာဝန်ရှိသူများက ရှင်းလင်းပြောကြား ခဲ့ပြီး လူငယ်များက သိလိုသည်များ မေးမြန်းဆွေးနွေး ခဲ့ကြပါသည်။