ချာဒီကို အနိုင်ယူပြီး Queen Club တင်းနစ်ဗိုလ်လုပွဲ ဂျိုကိုဗစ် တက်ရောက်

Queen Club တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ နိုဗက်ဂျိုကိုဗစ်က ဂျရမီ ချာဒီကို အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ ကမ္ဘာ့နံပါတ်တစ်ဟောင်း ဂျိုကိုဗစ်ဟာ ဒီနှစ်ထဲ ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတွေမှာ ပထမဆုံး အကြိမ်အဖြစ် ဗိုလ်လုပွဲကို ရောက်လာတာပါ။

ပြင်သစ်နိုင်ငံသား ချာဒီဟာ ဒီပွဲမှာ အမှားအယွင်း များခဲ့ပါတယ်။  ပထမပွဲကို ဂျိုကိုဗစ်က ၇ – ၆ ၊ ဒုတိယပွဲကို ၆ – ၄ နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ ဆားဘီးယားနိုင်ငံသား ဂျိုကိုဗစ်ဟာ Queen Club ဗိုလ်လုပွဲမှာ ခရိုအေးရှားနိုင်ငံက မာရင် ဆစ်လစ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

By- DVB