#ကျောက်ပန်းတောင်းမြို့နယ်မှ #ပြည်သူ့အသံ

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်နှင့် မြင်းခြံခရိုင် တောင်သာမြို့နယ် ရုံးစည်ကြီးကျေးရွာတို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲအခမ်းအနားကို သက်ဆိုင်ရာနေရာအသီးသီးတွင် ဇွန်လ ၅ ရက်က ကျင်းပခဲ့ရာ ပါတီဝင်သစ်များအဖြစ် အဆိုပြုလွှာတင်ခဲ့ကြသည့် တောင်ဦးကျေးရွာအုပ်စု တောင်ဦးကျေးရွာမှ ဦးသင်းမောင်စိုးနှင့် ရုံးစည်ကြီးကျေးရွာမှ ဦးသောင်းငွေတို့၏ ပါတီဝင်ရောက်ရခြင်းနှင့်ပတ်သက်သည့် ရင်တွင်း စကားသံများကို ဖော်ပြအပ်ပါသည်။

ကိုသင်းမောင်စိုး
———————
ကျွန်တော့်အနေနဲ့ ပြည်ခိုင်ဖြိုးပါတီကို ဘာလို့စိတ်လိုလက်ရဝင်လာရသလဲ ဆိုတာကို တင်ပြလိုပါတယ်။ ပါတီဝင် အသစ်များကလည်း ကျွန်တော်နဲ့ အတူ စိတ်တူကိုယ်တူဖြစ်ကြမှာပါ။
ကျွန်တော့်အနေနဲ့ပြည်ခိုင်ဖြိုးပါတီကို လေ့လာကြည့်တဲ့အခါ ပါတီ၏ရည်ရွယ် ချက် ရည်မှန်းချက်ဖြစ်တဲ့ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော အရေးသုံးပါး ကိုတွေ့ရတဲ့အခါ နှစ်သက်သဘောကျမိပါတယ်။
နိုင်ငံတော်ကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်အဖြစ် တည်ဆောက်ရေးနှင့် အဓွန့်ရှည်တိုးတက်တည်တံ့ခိုင်မြဲရေးကို ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ဆိုတာ ကို လေ့လာတွေ့ရှိရပါတယ်။
ဒါကြောင့် ပါတီရဲ့ ရည်မှန်းချက်၊ မူဝါဒတွေဟာ ကျွန်တော်တို့ ပြည်သူတွေ လိုအပ်နေတဲ့ပြည်သူ့ဆန္ဒနှင့်အံဝင်ခွင်ကျ ဖြစ်နေတာကို တွေ့ရှိရတဲ့အတွက် ပါတီ ဝင်ရောက်ရန် စိတ်အားထက်သန်လာရ ခြင်းဖြစ်ပါတယ်။
ယနေ့အစိုးရသစ် တက်လာချိန်မှာ ပြည်သူတွေဟာ စိတ်မသက်သာစွာနဲ့ စိတ်သောကတွေ ခံစားနေကြရပါတယ်။ ပြည်သူတွေအမြင်မှာ ကြီးပွားတိုးတက် လာမယ်လို့ ယုံကြည်ထားသော်လည်း အထင်နှင့်အမြင် လွဲမှားနေကြရပါတယ်။ တောင်သူများအနေနှင့်လည်း စိုက်ပျိုး စရိတ် အရင်းအနှီးများ ရရှိသော်လည်း ရလာသော သီးနှံဈေးများမှာကျဆင်းနေ တဲ့အတွက် တောင်သူအများ အရှုံးနှင့် ရင်ဆိုင်နေရပါတယ်။ ယခင်အစိုးရလက် ထက်က ကျေးရွာချင်းဆက်လမ်းများ၊ ရေရရှိရေးလုပ်ငန်း၊ ကန်တူးဖော်ခြင်း လုပ်ငန်းများနဲ့ ဆက်သွယ်ရေးကဏ္ဍမှာ လည်း တယ်လီဖုန်းဆင်းမ်ကတ်များ လူ တိုင်းကိုင်နိုင်အောင် ဆောင်ရွက်ပေးနိုင် ခဲ့တာကိုတွေ့ရှိရပါတယ်။ သဘာဝဘေး အန္တရာယ်ကျရောက်လာချိန်မှာ ဒေသမရွေး သွားရောက်ပြီး ရှေ့ဆုံးကပါဝင်ကူညီ ဆောင်ရွက်ပေးနေတာကိုလည်း မျက်စိနဲ့ တပ်အပ်တွေ့ရှိရပါတယ်။ ပြည်သူလူထု လိုလားတောင့်တနေတဲ့ အမျိုးဘာသာ သာသနာကို အဓိကအားပေးစောင့်ရှောက် နေတဲ့ပါတီဖြစ်တာကိုလည်း လက်တွေ့ တွေ့နေရပါတယ်။
ဒါကြောင့် ကျွန်တော့်အနေနဲ့ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို လိုလိုလားလား စိတ်ပါဝင်စားစွာ ဝင် ရောက်လာခြင်းပဲဖြစ်ပါတယ်။ ပါတီက ချမှတ်ပေးထားတဲ့ ပြည်သူလူထုအကျိုး၊ ဘာသာ သာသနာ အကျိုးကို လက်တွဲပြီး ပိုမိုဆောင်ရွက်သွားလိုသောကြောင့် ဒီ ပါတီကို ဝင်လာရခြင်းဖြစ်ပါတယ်။

Kyaw Minn Soe