ဧရာဝတီတိုင်းဒေသကြီး ပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေးအခမ်းအနားကျင်းပ

64541677-06082016

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမတွင် ယနေ့နံနက်က ပါတီမျက်နှာစုံညီအစည်း အဝေးနှင့်ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်း ရေးအခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ဦးသိန်းအောင်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး သဘာ ပတိအဖွဲ့ဝင်များအဖြစ် ပါတီဗဟိုအတွင်း ရေးမှူး ဦးသန်းထွန်းနှင့် တိုင်းဒေသကြီး ပါတီနာယကဦးတင်စိုးတို့က ဆောင်ရွက် ခဲ့ကြပြီး ပထမဦးစွာ သဘာပတိကအဖွင့် အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပြည်ခိုင်ဖြိုးပါတီ မျက်နှာ စုံညီအစည်းအဝေးသို့ အလှူရှင်များကအလှူငွေများ လှူဒါန်းခြင်း၊ တက္ကသိုလ် ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် တိုင်းဒေသ ကြီး အတွင်းရှိ ပါတီကော် မတီဝင်များ၏သားသမီးများအား ဆုများ ချီးမြှင့်ခြင်း၊ လူမှုရေးအသင်းအဖွဲ့များအား ဆုများချီးမြှင့်ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြသည်။

အခမ်းအနားဒုတိယပိုင်းကို ဆက် လက်ကျင်းပရာ တိုင်းဒေသကြီးပါတီကော် မတီ၏အစီရင်ခံစာကို ဒေါ်နွယ်နွယ်ဦးက လည်းကောင်း၊ပါတီတွင်းစည်းလုံးညီညွတ်ရေး ယုံကြည်ချက်ခံယူချက်ခိုင်မာရေးတိုး တက်စည်းရုံးရေးစာတမ်းကို ဒေါက်တာ ထိန်ဝင်းကလည်းကောင်း၊ ဝန်းရံအင်အားစု များတိုးတက်ရရှိရေးအတွက် ပြည်သူ များကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန် ဆောင်ရွက်ရေးစာတမ်းကို ဦးသန်းထွန်းကလည်း ကောင်း၊ ပါတီအဓွန့်ရှည်တည်တံ့ခိုင်မြဲစေ ရန် အရည်အချင်းပြည့်ဝသော ပါတီဝင်များဖြစ်ရန် လေ့ကျင့်ပညာပေးရေးစာတမ်းကို ဒေါ်ခင်စောမူကလည်းကောင်း ဖတ်ကြား တင်ပြကြပြီး တိုင်းဒေသကြီးပါတီ ကော် မတီ၏ လုပ်ငန်းဆောင်ရွက် ချက်အစီရင် ခံစာနှင့် စာတမ်းများကို တိုင်းဒေသကြီး ပါတီအတွင်းရေးမှူးဦးအောင်တင်မြင့်က သုံးသပ်ဆွေးနွေးခဲ့ကြသည်။ ပြီးနောက် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ နုတ်ထွက်ခြင်းကို ဦးအောင်တင်မြင့်က ကော်မတီဝင်များကိုယ်စား သဘာပတိရှေ့၌ ဆောင်ရွက်ခဲ့သည်။ အစည်းအဝေးတတိယပိုင်းအစီအစဉ် ကို မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ပါတီကော်မတီများရွေး ချယ်ခြင်းများကိုဆောင်ရွက်ခဲ့ကြပြီး အခမ်း အနားကိုအောင်မြင်စွာရပ်နားလိုက်သည်။


Leave a Reply