လူငယ်ညီလာခံ (၂၀၁၈) အတွေ့အကြုံ ရှင်းလင်းပွဲ သီပေါတွင် ကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၏ လူငယ်ညီလာခံ(၂၀၁၈) အတွေ့ အကြုံရှင်းလင်းပွဲနှင့် ရပ်ကျေးပါတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကို ၆.၆.၂၀၁၈ နေ့ ၁၀း၀၀ နာရီအချိန်က သီပေါမြိုနယ် ရုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ပြည်နယ်ပါတီကော်မတီ ဦးစိုင်းစိန်လင်း၊ ခရိုင်ပါတီဥက္ကဌ ဦးဝင်းမြင့်၊ ခရိုင်ပါတီလူငယ်ရေးရာတာဝန်ခံ ဦးတိုးအောင်၊ ရှမ်းမြောက်လူငယ်လှုပ်ရှားမှုအဖွဲ့ ဒုတိယခေါင်းဆောင် မိုင်ဟန်ဝင်းအောင်း၊ သီပေါမြို့နယိ ပါတီ ဥက္ကဌ ဦးအောင်အောင်နှင့်ကော်မတီဝင်များ၊ ရပ်ကျေးဥက္ကဌနှင့် အဖွဲ့ဝင်များ လူငယ်များ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ကျောက်မဲခရိုင်ဥက္ကဌမှ အဖွင့်အမှာစကားပြောကြားပြီး သီပေါမြို့နယ် လူငယ်တာဝန်ခံ ဦးမိုးဝင်းနှင့် ရှမ်းမြောက်လူငယ်လှုပ်ရှားမှုအဖွဲ့ ဒုခေါင်းဆောင် မိုင်းဟန်ဝင်းအောင်တို့မှ လူငယ်ညီလာခံ (၂၀၁၈) အတွေ့အကြုံများကို ရှင်းလင်းကြပါသည်။
ထို့နောက် သီပေါမြို့နယ်ဥက္ကဌ ဦးအောင်အောင် ပါတီအောင်နိုင်ရေးအတွက် အရှိန်အဟုန်တိုးမြင့်ဆောင်ရွက်နိုင်ရေးအတွက် လည်းကောင်း၊ ပြည်နယ်ပါတီကော်မတီ ဦးစိုင်းစိန်လင်းမှ ယနေ့နိုင်ငံရေးအခြေအနေများကို လည်းကောင်း ရှင်းလင်းဆွေးနွေးပါသည်။
ထို့နောက် တက်ရောက်လာကြသော ရပ်ကျေးဥက္ကဌနှင့်အဖွဲ့များအား ဒေါက်တာမျိုးထွန်းမှ ပံ့ပိုးလာသော ဗလာစာအုပ်နှင့် ခဲတံများကို ထပ်ဆင့်လှူဒါန်းနိုင်ရေးအတွက် ပေးအပ်ကာ အခမ်းအနားကို ၁၁း၄၅ အချိန်တွင် အောင်မြင်စွာဖြင့် ပြီးမြောက်စေခဲ့ပါသည်။

ရမ _၀၀၃