အစ္စရေးနှင့် ကစားမည့်ခြေစမ်းပွဲကို အာဂျင်တီးနား ဖျက်သိမ်း

အာဂျင်တီးနားအသင်းမှာ အစ္စရေးနှင့် ကမ္ဘာ့ဖလားအကြိုခြေစမ်းပွဲကစားမည့် အစီအစဉ်ကို ဖျက်သိမ်း လိုက်ကြောင်း ကြေညာသွားခဲ့သည်။

အာဂျင်တီးနားအသင်းမှာ လာမည့်စနေနေ့တွင် ဂျေရုဆလင်မြို့၌ အစ္စရေးနှင့် ခြေစမ်းပွဲကစားရန် အစောပိုင်းတွင် စီစဉ်ထားသည်။ သို့သော်လည်း ဂါဇာကမ်းမြှောင်ဒေသတွင် ပါလစ္စတိုင်း တို့အပေါ် ကျူးလွန်ခဲ့သည့် ဖိနှိပ်မှုများကြောင့် အာဂျင်တီးနားအသင်းအနေဖြင့် ဂျေရုဆင်မြို့တွင် ခြေစမ်းပွဲမကားရန် ပါလစ္စတိုင်းတို့က ဆန္ဒထုတ်ဖော်သွားခဲ့ကြသည်။ နိုင်ငံတကာကလည်း အစ္စရေးတို့ အပေါ်တွင် ဖိအားပေးမှုများ ရှိနေခြင်းကြောင်း အာဂျင်တီးနားအသင်းက ခြေစမ်းပွဲကစားမည့် အစီအစဉ်ကို ဖျက်သိမ်းသွားခဲ့ပုံရသည်။

အစ္စရေးဝန်ကြီးချုပ် နေတာယာဟုက အာဂျင်တီးနားသမ္မတ မာရီစီယိုမာခရီထံ တောင်းဆိုခဲ့သော်လည်း အာဂျင်တီးနားဘက်မှ ငြင်းဆန်သွားခဲ့သည်ဟု အစ္စရေးရေဒီယိုမှာ အမည်မဖော်လိုသူ တစ်ဦးက ထုတ်ဖော် ပြောကြားသွားခဲ့သည်။

အာဂျင်တီးနားအသင်းက ခြေစမ်းပွဲကစားမည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ခြင်းအပေါ်တွင် ပါလစ္စတိုင်းဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ရာဂျူးက ထောက်ခံကြိုဆိုကြောင်း ပြောသွားခဲ့သည်။

 

-Ref; Sky sports