ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး လူငယ်ညီလာခံ(၂ဝ၁၈) ညစာစားပွဲသို့တက်ရောက်ချီးမြှင့်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယမန်နေ့ ညနေ ၆ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ပြည်ထောင်စုခန်းမကြီး၌ ကျင်းပသော လူငယ်ညီလာခံ(၂ဝ၁၈) ညစာစားပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ဦးစွာ ပါတီဥက္ကဋ္ဌဦးသန်းဌေးက အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာသည့် လူငယ် ကိုယ်စားလှယ်များက တေးသံသာများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
အဆိုပါ ညစာစားပွဲ အခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင် ဝင်း၊ ပါတီဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ လူငယ်တာဝန်ခံများ၊ လူငယ်ညီလာခံကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။