လူငယ်ညီလာခံ(၂ဝ၁၈)မှ လူငယ်များ၏အသံ

 

လူငယ်ညီလာခံ(၂ဝ၁၈)ကို မေ ၂၉ ရက်မှ ၃ဝ ရက်အထိ နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားသို့ တက်ရောက်လာသည့် လူငယ်များ၏ စကားသံများကို မေးမြန်းဖော်ပြလိုက်ပါသည်။
စိုင်းစိုးမင်းလတ်
လွိုင်လင်ခရိုင် လူငယ်တာဝန်ခံ
ရှမ်းပြည်နယ်
ကျွန်တော်တို့နိုင်ငံမှာရှိနေတဲ့ လူမျိုးတွေကို ပြည်ထောင်စု စိတ် ဓာတ်အခြေခံပြီးတော့ နိုင်ငံမှာရှိ နေတဲ့ လူမျိုးတွေဟာ ပြည်ထောင် စုစိတ်ဓာတ်ကို အခြေခံဖို့လိုပါ တယ်။ ကျွန်တော်တို့ လူငယ်ထု အနေနဲ့လည်း အနာဂတ်နိုင်ငံတော် ကြီးနဲ့ နိုင်ငံရေးအခင်းအကျင်းရယ်၊ ပါတီရဲ့အနာဂတ်နိုင်ငံရေးအခန်း ကဏ္ဍတွေက လက်ဆင့်ကမ်းသယ် ဆောင်သွားဖို့ ဖြစ်နိုင်ပါတယ်။အခက်အခဲမရှိနိုင်ပါဘူး။ သယ် ဆောင်သွားနိုင်တဲ့အခြေအနေအထိ လည်း ကြိုးစားသွားမှာပါ။ ဒီ အပေါ်မှာ ကျွန်တော်တို့ လူငယ် တွေရဲ့ ယုံကြည်ချက်ကလည်း ခိုင်မာနေပြီးသားပါ။ ပြည်ခိုင်ဖြိုး ပါတီရဲ့ လူငယ်အခန်းကဏ္ဍမှာ ကျွန်တော့်ခရိုင်ရဲ့ လူငယ်တာဝန်ခံ တစ်ယောက်အဖြစ် ပါဝင်ထမ်းရွက် ခွင့်ရတာကိုလည်း ကျေးဇူးတင်ပါ တယ်။ ကျွန်တော်တို့ ဒေသမှာရှိတဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍအသီး သီးကို ကျွန်တော်တို့အနေနဲ့ တစ် စိတ်တစ်ပိုင်းပါဝင်ပြီးတော့ လုပ် ကိုင်ဆောင်ရွက်ခွင့်တွေရတဲ့အတွက် လည်း ပြည်ခိုင်ဖြိုးပါတီရဲ့လူငယ် တာဝန်ခံလုပ်ရတာကို ကျေနပ်အား ရမှုရှိပါတယ်။ ဝမ်းသာပါတယ်။
စောတင်လင်းအောင်
ဘားအံမြို့နယ် လူငယ်တာဝန်ခံ
ကရင်ပြည်နယ်
ကျွန်တော်တို့ လူငယ်ညီလာခံ (၂ဝ၁၈)ကို ရောက်ရှိလာရတဲ့ အခြေအနေဟာဆိုလို့ရှိရင် ကျွန် တော်တို့ မြို့နယ်အဆင့်မှာ မြို့နယ် ကို ကိုယ်စားပြုပြီးတော့ လုပ် ဆောင်နိုင်မယ့် လူငယ်တွေကို ရွေး ချယ်ခဲ့ပါတယ်။ နောက်ပြီး ပါတီ အတွက်လည်း တကယ့်တကယ် လုပ်ဆောင်နိုင်မယ့် လူငယ်မျိုး တွေကိုပေါ့။ အဘက်ဘက်မှာ အကောင်းဆုံးလုပ်ဆောင်နိုင်မယ်လို့ ယုံကြည်တဲ့ အရည်အချင်းရှိတဲ့ လူငယ်တွေကို စံထားပြီးတော့ ရွေးချယ်ခံခဲ့ကြတာပါ။ အဲဒီလိုပဲ တစ်ဆင့်ခြင်း၊တစ်ဆင့်ခြင်း ရွေး ချယ်လာပြီးတော့ အခု ကျွန်တော် ညီလာခံကို ရောက်ရှိလာတာဖြစ် ပါတယ်။ ကျွန်တော် လူငယ်တစ် ယောက်အနေနဲ့ ကျွန်တော်တို့ ဒေသရဲ့ လူငယ်အခန်းကဏ္ဍမှာ တွေ့မြင်ရတာကတော့ ပညာရေး အခန်းကဏ္ဍတွေကို ပိုမိုပြီးတော့ ဖြည့်ဆည်းပေးစေချင်ပါတယ်။အကယ်၍သာ ကျွန်တော်တို့ လွှတ် တော်ထဲကို ရောက်ခွင့်ရခဲ့ရင် ပညာရေးအခန်းကဏ္ဍနဲ့ပတ်သက် ပြီးတော့ ကြိုးပမ်းဆောင်ရွက်သွား ချင်ပါတယ်။ ဘာကြောင့်လဲဆို တော့ လူတိုင်းပညာရေး အခြေခံရှိ ခဲ့မယ်ဆိုရင် စီးပွားရေး ၊နိုင်ငံရေး၊ လူမှုရေး ဒါတွေကို ပိုမိုပြီးတော့ လုပ်ဆောင်နိုင်ကြမယ်လို့ ကျွန် တော် ယုံကြည်တယ်။ အဓိက ကျွန်တော်တို့ ကရင်ပြည်နယ်မှာ ဖြစ်နေတာက ပညာသင်ချင်စိတ်ရှိ တဲ့ လူငယ်တွေက ပညာသင်ဖို့ ခက်ခဲနေတယ်။ ပညာသင်ဖို့ အခွင့် အလမ်းရှိတဲ့သူတွေကလည်း ပညာ သင်ဖို့ကို တွန့်ဆုတ်နေတယ်။အားလုံးခြုံပြောရရင် ကျွန်တော်တို့ ပါတီထဲမှာ ပါတီရဲ့တာဝန်ကို ထမ်းရွက်နေရင်းနဲ့ပညာရေးကဏ္ဍ တိုးတက်လာအောင် ဆောင်ရွက် သွားမှာပါ။
မချယ်ရီဖူး
မြိတ်မြို့နယ် လူငယ်တာဝန်ခံ
တနင်္သာရီတိုင်းဒေသကြီး
ကျွန်မတို့ တနင်္သာရီက လူ ငယ်တွေကို ကျွန်မဦးဆောင်ပြီး တော့ ဒီညီလာခံကို လာခဲ့တာပါ။တနင်္သာရီက လူငယ်တွေကညီလာ ခံမှာဆွေးနွေးခဲ့တာ အစုအဖွဲ့ (၁) မှာဖြစ်ပါတယ်။ နိုင်ငံရေးမျိုးဆက် သစ်စာတမ်းပါ။ အဲဒီတော့ နိုင်ငံ ရေးအခန်းကဏ္ဍတွေကို ဆွေးနွေး ခဲ့ပါတယ်။ အတူပါလာတဲ့လူငယ် ကိုယ်စားလှယ်တွေကိုလည်း ယုံ ကြည်ပါတယ်။ အနာဂတ်နိုင်ငံ တော်ကြီးနဲ့ အနာဂတ်ပါတီ အတွက် ကောင်းမွန်တဲ့လူငယ် တွေ ဖြစ်လာမယ်လို့လည်း မျှော် လင့်ပါတယ်။ပါတီကနေ လေ့ကျင့် ပျိုးထောင်ပေးတဲ့အတွက်လည်း ပါတီကို ကျေးဇူးတင်ပါတယ်။
မမျိုးဝေလှိုင်
မဘိန်းမြို့
ရှမ်းပြည်နယ်(မြောက်ပိုင်း)
ဒီနေ့ညီလာခံကို ရောက်လာ တဲ့ လူငယ်တွေအားလုံးကို တွေ့ မြင်ရတာကတော့ လူငယ်တွေ အားလုံးတက်ကြွကြတယ်။ပါတီ ထဲမှာ လူငယ်တွေဖြစ်ကြပေမယ့် ဒီပါတီနိုင်ငံရေးထဲမှာ စိတ်ပါဝင် စားပြီးတော့ နိုးနိုးကြားကြား တက်တက်ကြွကြွနဲ့ အခုလိုပါဝင် တာကိုတွေ့လို့ ကျွန်မအနေနဲ့ အရမ်းနှစ်ထောင်းအားရ ဖြစ်မိ ပါတယ်ရှင်။ ဒီလူငယ်တွေဟာ အနာဂတ်မှာ အရည်အချင်းပြည့်မီ ပြီး ပါတီတာဝန်၊ နိုင်ငံတာဝန် တွေကို စနစ်တကျနဲ့ ထမ်းရွက် နိုင်လိမ့်မယ်လို့လည်း ကျွန်မ ယုံကြည်တယ်။ ဘာကြောင့်လဲဆို တော့ အခုလူကြီးက စနစ်တကျ လေ့ကျင့်သင်ကြားပေးထားတဲ့ အတွက် အနာဂတ်မှာ အခုထက် ဆတက်ထမ်းပိုးထမ်းရွက်နိုင်လိမ့် မယ်လို့လည်း ယုံကြည်ပါတယ်။