ကျောက်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကျေးလက်နေ အမျိုးသမီးထုအား ဗဟုသုတတိုးပွားရန်ရည်ရွယ်၍ အသိ ပညာပေး တွေ့ဆုံဟောပြော

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသမီး အခွင့်အရေးဆိုင်ရာ ဥပဒေများနှင့် ကလေးသူငယ်ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအား ကျေးလက်နေ အမျိုးသမီးထုအား ဗဟုသုတ တိုးပွားရန်ရည်ရွယ်၍ အသိပညာပေး တွေ့ဆုံဟောပြောခဲ့သည်။

kyauk-phyu2

ကျောက်ဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စောရီနှင့် အဖွဲ့သည် ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ကျေးရွာသို့ နိုဝင်ဘာ ၁၂ ရက်နေ့က သွားရောက်၍ ဒေသခံအမျိုးသမီး ၄၀ ဦး ခန့်နှင့်တွေ့ဆုံကာ ယင်းကဲ့သို့ အသိပညာပေး ဟောပြောခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ကျေးရွာသူ၊ကျေးရွာသားများ အသိပညာဗဟုသုတတိုးပွားရန်ရည်ရွယ်၍ စာဖတ်ခြင်းလုပ်ငန်းနှင့် ပတ်သက်သော အသိပညာပေးစာစောင်များကိုလည်း ကျေးရွာအတွင်း ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

သောင်းဝင်း


Leave a Reply