လူငယ်​ညီလာခံအကြို လူငယ်​ပါတီဝင်​များ နှီး​နှောဖလှယ်​ပွဲ မ​ကွေးတိုင်း​ဒေသကြီးတွင်​ကျင်းပ

မေ၊ ၂၂

မ​ကွေးတိုင်း​ဒေသကြီး ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဝင်​လူငယ်​များ ​တွေ့ဆုံနှီး​နှောဖလှယ်​ပွဲကို တိုင်း​ဒေသကြီးပါတီအစည်း​အ​ဝေးခန်းမတွင်​ ယနေ့ (၂၂.၅.၂၀၁၈)တွင် ကျင်းပပြုလုပ်​ခဲ့သည်​။အခမ်းအနားတွင် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သီဆိုခဲ့ကြပြီး ပါတီဝင်​လူငယ်​များက ပြည်ခိုင်ဖြိုးလူငယ် သီချင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးတာဝန်ခံ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမှ အဖွင့်အမှာစကားပြောကြားရာတွင် ဒုတိယအကြိမ်ပါတီ ညီလာခံ (၂၀၁၆) မှာ ရှေ့လုပ်ငန်းစဉ် (၇) ရပ် ချမှတ်ခဲ့ကြောင်း လူငယ်များနှင့်ပါတ်သက်၍ အမျိုးဂုဏ် ဇာတိဂုဏ် ယဉ်ကျေးမှု့ကိုထိန်းသိမ်းနိုင်သော စွမ်းရည်ရှိသည့် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ပြုစုပျိုးထောင်ရေးဆိုသည့် လုပ်ငန်းစဉ်ပါရှိကြောင်း လုပ်ငန်းစဉ်ပါအတိုင်း မြို့နယ/ ခရိုင် လူငယ်တွေ့ဆုံပွဲများ ပြုလုပ်ခဲ့ကြပြီး ယခုအခါ တိုင်းဒေသကြီး လူငယ်နှီးနှောဖလှယ်ပွဲပြုလုပ်နေခြင်းဖြစ်ကြောင်း လာမည့် မေ(၂၈၊၂၉၊၃၀၊၃၁)ရက်များမှာပါတီဌာနချုပ်နေပြည်တော်တွင် ပါတီညီလာခံကြီး ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း ပြောကြား၍ လူငယ်များအတွက်အကြံပြုချက် ပါတီမှုဝါဒ သဘောထားနှင့် ရွေးကောက်ပွဲအောင်နိုင်ရေးတွင် လူငယ်များ၏အရေးပါသည့်အခန်းကဏ္ဍများကို အကျယ်တဝံ့ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးပါတီဥက္ကဌဒေါက်တာမောင်မောင်ဌေးမှ ကြိုဆိုနူတ်ခွန်းဆက်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး လူငယ်တာဝန်ခံ ဦးကျော်သူဦးမှ လူငယ်ရေးရာကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာသော လူငယ်ကိုယ်စားလှယ်များမှ အစုအဖွဲ့ လေးဖွဲ့ခွဲ၍ နိုင်ငံရေးမျိုးဆက်သစ်၊ လူငယ်စွမ်းအားမြှင့်တင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်နှင့်ပြည်သူ့ကျိုးပြုလုပ်ငန်းများ၊ ၂၀၂၀အောင်နိုင်ရေးနှင့် လူငယ်များအခန်းကဏ္ဍ စသည့် ခေါင်းစဉ်အသီးသီးဖြင့် ဆွေးနွေးခဲ့ကြပြီး ရရှိလာသော စာတမ်းများအား မှတ်တမ်းတင်ခြင်း ဗဟိုညီလာခံတက်ရောက်မည့် ကိုယ်စားလှယ် ရွေးချယ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ၄င်းနောက် အစုအဖွဲ့လိုက်ဆွေးနွေးပွဲများမှ ရရှိလာသောစာတမ်းများအား မှတ်တမ်းတင်ခြင်း ဗဟိုညီလာခံကိုယ်စားလှယ်များအား မှတ်တမ်းတင်ခြင်း ဗဟိုညီလာခံကိုယ်စားလှယ်အမည်စာရင်းများအား အတည်ပြုပေးခြင်းတို့ကို သဘာပတိကြီးမှ ဆောင်ရွက်ပေးခဲ့သည်။

အခမ်းအနားကို ဆက်လက်ကျင်းပရာ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမှ နိဂုံးချုပ်အမှာစကားပြောကြားပြီးနောက် ဖျော်ဖြေရေးအဖွဲ့အား ဂုဏ်ပြုငွေ တစ်သိန်းကျပ် ချီးမြှင့်ခဲ့သည်။ ၄င်းနောက် တက်ရောက် လာကြသော ပါတီလူငယ်များမှ ပါတီလူငယ်သီချင်း သံပြိုင်သီဆို၍ အခမ်းအနားပြီးမြောက်ခဲ့ကြောင်းနှင့် အခမ်းအနားသို့ တိုင်းဒေသကြီးတာဝန်ခံ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ဗဟိုအလုပ်မှု့ဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး နှင် တိုင်းပါတီကော်မတီဝင်များ ခရိုင်/မြို့နယ် ပါတီဥက္ကဌများ လူငယ်တာဝန်ခံများမြို့နယ်လူငယ်တာဝန်ခံများ ပါတီဝင်လူငယ်များ ဖိတ်ကြားထားသောအဖွဲ့အစည်းများ စုစုပေါင်းအင်အား (၃၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။