ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့်တွေ့ဆုံပွဲအတွက် ကော့မှူးမြို့နယ်တွင်ကြိုတင်ပြင်ဆင်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဗဟိုကော်မတီဝင်ရန်ကုန် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသာဝင်းသည် ရန်ကုန်တိုင်းဒေသကြီးကော့မှူး မြို့နယ်အနောက်ခြမ်း မဆယ်ဆိပ် ကျေးရွာ၌ ယခုလ ၂၉ ရက်တွင် ကျင်းပမည့်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး နှင့်တွေ့ဆုံပွဲအတွက် ယနေ့ နံနက် ၁ဝနာရီ၌ကျင်းပမည့်နေရာကော့မှူး မြို့နယ် မဆယ်ဆိပ်ကျေးရွာ ဈေး ကွင်းတွင် ပြုလုပ်စီစဉ်နေမှုများကို ကြည့်ရှုစစ်ဆေးအကြံပြုလုပ်ငန်း များပြုလုပ်ခဲ့သည်။
ထိုလုပ်ငန်းကြီးကြပ်ရေးသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ဦးသာဝင်းနှင့်အတူ ရန်ကုန်တောင် ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလွင်ဦး၊ တောင်ပိုင်းခရိုင်ကော် မတီဝင်ဦးတင်လင်း (ကွမ်းခြံကုန်း မြို့နယ်ဥက္ကဋ္ဌ)၊ ကော့မှူး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ဇင်ဟိန်း၊ကော့မှူးမြို့နယ် ကော်မတီဝင်များလိုက်ပါကြည့်ရှုခဲ့ ကြောင်း သိရသည်။

မြတ်ဟိန်းကျော်(ကော့မှူး)