ပြည်ခိုင်ဖြိုးပါတီ စစ်ကိုင်းတိုင်းဒေသကြီးဥက္ကဋ္ဌ တိုင်း ခရိုင် မြို့နယ်ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေး

 

စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်မြို့နယ်ပါတီ ဥက္ကဋ္ဌများနှင့် တိုင်းဒေသကြီးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပါတီလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသ ကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းနှင့် တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ် ပါတီဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြောင်း သိရသည်။

မြင့်အောင်မြင့်(မုံရွာ)