ကျောက်ဖြူတွင် ပြည်ခိုင်ဖြိုးပါတီက အခမဲ့နယ်လှည့်ဆေးကုသမှုလုပ်ဆောင်

 

စစ်တွေ ဇန်နဝါရီ ၂၉

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှကြီးမှူးပြီး ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများအထိသွားရောက်ကာ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိနေကြောင်း သိရ သည်။အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့ သည်ယမန်နေ့နံနက်၁ဝနာရီခန့်ကကျောက် ဖြူမြို့နယ် လိပ်ခမော်အုပ်စု လိပ်ခမော် ရွာသစ်နေ ဒေသခံကျေးရွာသူ ကျေးရွာ သားများ၏ ကျန်းမာရေးအားအခမဲ့ကူညီ စောင့်ရှောက်ပေးခဲ့ကြကြောင်းသိရသည်။ အဆိုပါနယ်လှည့်ဆေးကုသမှုအဖွဲ့သည် ကျောက်ဖြူမြို့နယ်တွင်း ကျန်ရှိနေသည့် ရပ်ကွက်/အုပ်စုများသို့ သွားရောက်ကာ ကျန်းမာရေးစောင့်ရှောက်မှုများလုပ်ဆောင် ပေးသွားမည်ဖြစ်သည်။

နိုင်စေရန်