ပဲခူးတိုင်းဒေသကြီး (အနောက်) တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးလူငယ်ရေးရာများ အဆင့်ဆင့်ဖွဲ့စည်းပုံဆောင်ရွက်ခြင်း အစည်းအဝေးကျင်းပ

 

ပဲခူးတိုင်းဒေသကြီး(အနောက် )ပြည်ခရိုင် ပေါင်းတည်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ယခုလ ၁၄ ရက် နံနက် ၁ဝနာရီက ပဲခူးတိုင်းဒေသကြီး(အနောက်)ခြမ်းရှိ (၁၄)မြို့နယ်အတွင်းရှိ ပြည်ခိုင်ဖြိုးမှ တိုင်းဒသကြီး၊ ခရိုင်၊ မြို့နယ် ရပ်/ကျေးလူငယ်ရေးရာများ အဆင့်ဆင့် ဖွဲ့စည်းပုံ ဆောင်ရွက်ခြင်း အစည်းအဝေးကျင်းပသည်။

ယင်းသို့ လူငယ်ရေးရာတာဝန်ခံ တိုင်းဒေသကြီးကော်မတီဝင် ဦးသန်းဇော်ထွန်း၊ အမျိုးသမီးရေးရာတာဝန်ခံ တိုင်းဒေသကြီးကော်မတီဝင် ဒေါ်ထားထားနု၊ လူငယ်ရေးရာ ခရိုင် တာဝန်ခံ ဦးစောထွဋ်အောင်-ဒေါ်အေးအေးခိုင်နှင့် (၁၄)မြို့နယ်မှ လူငယ်ရေးရာတာဝန်ခံများ တက် ရောက်ခဲ့ကြောင်း သိရသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)