အမ်မရီကိုနည်းပြသစ်အဖြစ်အာဆင်နယ်ခန့်အပ်ဖို့ရှိနေ

အာဆင်နယ်အသင်းဟာ အသင်းရဲ့နည်းပြသစ်အဖြစ် ပီအက်စ်ဂျီနဲ့မကြာသေးခင်က လမ်းခွဲထားတဲ့ အမ်မရီကို ခန့်အပ်တော့မယ်လို့ သိရပါတယ်။

အာဆင်နယ်ဟာ အာစင်ဝင်းဂါးရဲ့နေရာမှာအစားထိုးဖို့နည်းပြအတော်များများကို ဆက်သွယ်ခဲ့ပြီး အစောပိုင်းမှာ အာတီတာကို ခန့်မယ်လို့ သတင်းတွေထွက်ခဲ့တာပါ။

ဒါပေမယ့် အသင်းရဲ့လက်ရှိကစားသမားအချို့က အာတီတာကိုခန့်မယ့်အပေါ် မေးခွန်းထုတ်ခဲ့တာကြောင့် ဖြစ်မလာခဲ့ပါဘူး။ အာဆင်နယ်ဟာ ရည်ရွယ်ထားတဲ့သူအားလုံးကို တွေ့ဆုံပြီးချိန်မှာ အမ်မရီကိုဘဲခန့်အပ်ဖို့ စီစဉ် လိုက်တာဖြစ်ပါတယ်။

အမ်မရီဟာ ပီအက်စ်ဂျီကို ၂ ရာသီကိုင်တွယ်ခဲ့ရာမှာ လီဂူး ၁ ချန်ပီယံတစ်ကြိမ်နဲ့ပြည်တွင်းဆုဖလား ၄ လုံး ရယူပေးခဲ့ပါတယ်။ အသက် ၄၆ နှစ်ရှိတဲ့အမ်မရီဟာ ဆီဗီလာကို ၂၀၁၄ ကနေ ၂၀၁၆ အထိကိုင်တွယ်ပြီး ယူရိုပါလိဂ် ဖလား ၃ ကြိမ်ဆက်ရယူပေးနိုင်ခဲ့ပါတယ်။

90Minutes