သောကြာနေ့ နံနက်ပိုင်း နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ

– မန်စီးတီး နဲ့ လီဗာပူးလ် အသင်းတို့ဟာ ဘတ်ဖွန်ကို အရခေါ်ယူဖို့ The Sun ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အသက် (၄၀) အရွယ်ရှိ ၀ါရင့်ဂိုးသမား ကြီးဟာ ဂျူဗင်တပ်စ်အသင်းက ထွက်ခွာတော့မယ်လို့ အတည်ပြုခဲ့ပေမယ့် ကစားသမားဘ၀ အနားယူမှာ မဟုတ်သေးဘူးလို့လည်း သိရပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အသင်းနှစ်သင်းဟာ ဘတ်ဖွန်ကို အရခေါ်ယူနိုင်ဖို့ အသီးသီးမျှော်လင့် နေတယ်လို့လည်း သိရပါတယ်။

– မန်ယူအသင်းရဲ့ တောင်ပံတိုက်စစ်မှူး မာရှယ်ဟာ ချယ်လ်ဆီးအသင်းရဲ့ အဓိကပစ်မှတ်ကစားသမားဖြစ်နေတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးပြီးနောက်မှာ ချယ်လ်ဆီးဟာ ထိပ်တန်းကစားသမား တွေကို ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ နိုက်အသင်း ကွင်းလယ်လူ ဆာရီဟာလည်း ချယ်လ်ဆီးရဲ့ ပစ်မှတ်ကစားသမား ဖြစ်နေတယ်လို့ ဒေးလီးမေးလ်က ဖော်ပြခဲ့ပါတယ်။

– ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းဟာ ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာကို ခေါ်ယူဖို့ အလိုရှီနေတယ်လို့ သိရပါတယ်။ ချယ်လ်ဆီးက အငှားခေါ်ယူထားတဲ့ တိုက်စစ်မှူး ဘတ်ရှူဝါယီကို ဒေါ့မွန်အသင်းဟာ အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ မသေချာသေးတာကြောင့် မိုရာတာကို ခေါ်ယူချင်နေတာလည်း ဖြစ်ပါတယ်။ မိုရာတာကို စီးရီးအေကလပ် ဂျူဗင်တပ်စ်ကလည်း စောင့်ကြည့်နေပြီး ပြန်လည် ခေါ်ယူသွားဖို့ ကြိုးစားလာဖွယ် ရှိနေပါတယ်။

– ဂိုးသမားအယ်လစ်ဆန်အတွက် ရီးရဲလ်အသင်းရဲ့ ကမ်းလှမ်းမှုတွေကို ရိုးမားအသင်းက ပယ်ချလိုက်တယ်လို့ Corrierre dello Sport က ဖော်ပြ ခဲ့ပါတယ်။ ရိုးမားအတွက် အကောင်းဆုံးလက်စွမ်းပြနေတဲ့ ဘရာဇီး ဂိုးသမား ကို ရိုးမားအသင်းက အနည်းဆုံး ယူရိုသန်း (၁၀၀) ထက် မနည်း ရရှိမှာသာ ပြောင်းရွှေ့ခွင့်ပြု၊ မပြုကို လက်ခံစဉ်းစားသွားမယ်လို့လည်း သိရပါတယ်။

– အာဆင်နယ်အသင်းဟာ အသင်းရဲ့ ဝေးလ်ကွင်းလယ်လူ အာရွန်ရမ်ဆေးကို စာချုပ်သစ် ချုပ်ဆိုဖို့ အဆင်မပြေပါက ရောင်းချသွားဖို့ အသင့်ရှိနေကြောင်း The Sun က ဖော်ပြခဲ့ပါတယ်။ အသက် (၂၇) နှစ်အရွယ် ကွင်းလယ်လူဟာ အသင်းနဲ့အတူ စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်ရှိတော့တာ ဖြစ်ပြီး ချယ်လ်ဆီး၊ မန်ယူနဲ့ ဂျူဗင်တပ်စ်တို့က စိတ်ဝင်စားနေတယ်လို့လည်း သိရပါတယ်။

Source; Duwun