ဥရောပအဆင့်ကထွက်လိုက်ရပြီး အာဆင်နယ်ကို နှုတ်ဆက်ရတော့မှာဖြစ်လို့ အရမ်းဝမ်းနည်းမိတယ်လို့ ၀င်းဂါးပြော

အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက သူ့ရဲ့ အာဆင်နယ်နည်းပြဘ၀မှာ ဥရောပအဆင့်ဆုဖလားမရဘဲ လမ်းခွဲရတော့မယ့်အပေါ် အရမ်းကိုဝမ်းနည်းစိတ်ပျက်ရတယ်လို့ ပြောလိုက်ပါတယ်။

အာဆင်နယ်ဟာမနေ့ညက အက်သလက်တီကိုအသင်းကို ၁-၀ နဲ့ရှုံးပြီး ယူရိုပါလိဂ်ဆီမီးကနေ ထွက်လိုက်ရလို့ ၀င်းဂါးဟာ အာဆင်နယ်နည်းပြဘ၀ကို ဥရောပဖလားမရဘဲ အဆုံးသတ် ရတော့မှာဖြစ်ပါတယ်။

ဒီပွဲအပြါ်မှာ ၀င်းဂါးက”‘ဒီလိုထွက်ရမှုနဲ့ လမ်းခွဲရတော့မှာဖြစ်လို့ အရမ်း၊အရမ်းကို ၀မ်းနည်းရလို အရမ်းလည်း စိတ်ပျက်ရပါတယ်။

ဒီဖြစ်ရပ်ကနေ လွန်မြောက်နိုင်ဖို့ ကျွန်တော် အချိန်ယူရပါဦးမယ်။ ဒါကြောင့် လောလောဆယ်မှာ အနာဂတ်ကို မစဉ်းစားနိုင်သေးပါဘူး”လို့ ပြောသွားပါတယ်။ အာဆင်နယ်က လာမယ့်မေ ၁၃ မှာ ဟက်ဒါဖီးလ်နဲ့ ကစားရမယ့်ပွဲက ၀င်းဂါးအတွက် နောက်ဆုံးပွဲစဉ်ဖြစ်လာမှာပါ။

90Minutes