မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအကြို လူငယ်တွေ့ဆုံပွဲ ကျင်းပ

 

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့တွင် လူငယ်ညီလာခံအကြိုလူငယ်တွေ့ ဆုံပွဲတစ်ရပ်ကျင်းပခဲ့ကြောင်း မြို့ နယ်ပါတီအတွင်းရေးမှူး ဦးနေဝင်းဇော်ထံမှ သိရသည်။
လူငယ်တွေ့ဆုံပွဲသို့ တိုင်း ဒေသကြီးပါတီကော်မတီဝင် ဦးကျော်ဝင်းနိုင်၊ ဟင်္သာတခရိုင် ပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးချစ်ဝင်း၊ ခရိုင် ပါတီကော်မတီဝင် ဦးအောင်ကြည်၊ မြန်အောင်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်ဝင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့ များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌများနှင့် လူငယ်ညီလာခံကိုယ်စားလှယ်များ စုစုပေါင်း ၂၅၅ ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်လူငယ်တာဝန်ခံ ဦးအောင်မျိုးဦးက ပြောသည်။
လူငယ်တွေ့ဆုံပွဲတွင် အစုအဖွဲ့ အလိုက်ဆွေးနွေးခြင်း၊ ဆွေးနွေးမှုမှ ရရှိလာသော နိုင်ငံရေးနှင့် စည်းရုံးရေးစာတမ်းကို လူငယ်ပါတီဝင်များဖြစ်ကြသော မသဉ္ဇာနွေးနှင့် မလွင်လွင်အောင်တို့က ဖတ်ကြားခဲ့သည်။ ယင်းနောက် လူငယ်ကိုယ်စားလှယ်များကို ပွင့်လင်းမြင်သာစွာ ရွေးချယ်ခဲ့ပြီး အခမ်းအနားကို ပြည်ခိုင်ဖြိုးလူငယ် သီချင်းဖြင့် အောင်မြင်စွာကျင်းပ ပြီးစီးခဲ့သည်။

ဇင်မိုးလေး