ရန်ကုန်တိုင်းပြည်ခိုင်ဖြိုး နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြဆင့်ပွားသင်တန်းအမှတ်စဉ်(၂)ဖွင့်လှစ်

 

ရန်ကုန် သြဂုတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှနိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြဆင့်ပွား သင်တန်းအမှတ်စဉ်(၂) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီရုံးတွင် ကျင်းပသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးခင်မောင်စိုးနှင့်တိုင်းဒေသ ကြီးပြည်ခိုင်ဖြိုးပါတီနာယကများ၊ ဗဟိုကော်မတီဝင်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူးဦးသာဝင်းနှင့် ဗဟိုကော်မတီဝင်များ၊ တိုင်းပါတီ ကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ် ပါတီဥက္ကဋ္ဌများ၊သင်တန်းသားသင် တန်းသူ၉ဝတက်ရောက်ကြသည်။

အစီအစဉ်အရနိုင်ငံတော်သီချင်း သီဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင် မောင်စိုးက သင်တန်းဖွင့်အမှာ စကားပြောကြားသည်။

အမှာစကားပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်မှ ဖွင့်လှစ်သည့်နိုင်ငံရေး စီမံခန့်ခွဲမှုနည်းပြသင်တန်းများတွင် လည်းတက်ရောက်သင်ယူခဲ့ပြီးဖြစ် သော်လည်း လိုအပ်ချက်အရ ဆင့် ပွားသင်တန်းများကိုဆက်လက်ပို့ချ ဖွင့်လှစ်လျက်ရှိကြောင်း၊ နိုင်ငံရေး စီမံခန့်ခွဲမှုသင်တန်းများ ဖွင့်လှစ်ရ ခြင်းမှာ ၂ဝ၂ဝ ရွေးကောက်ပွဲတွင် ပါတီအောင်နိုင်ရေးအတွက် ဆောင် ရွက်နိုင်မည့် စည်းရုံးရေးသမား ကောင်းများ ပေါ်ထွက်လာစေရန် ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့ သင်တန်းတက်ရောက်လာသည့်သင် တန်းသားသင်တန်းသူများသည် သင်တန်းမှပို့ချသည့်သင်ခန်းစာများ ကို လေးလေးနက်နက် လေ့လာ သင်ယူကြစေချင်ကြောင်း၊သင်တန်း ပြီးဆုံးသွားပါကလည်း မိမိတို့ မြို့နယ်ဒေသများတွင် သင်တန်းမှ ပို့ချလိုက်သည့် သင်ခန်းစာများကို ပြန်လည်၍ လက်ဆင့်ကမ်းပေးဝေ သွားကြရန်လိုအပ်ကြောင်းပြောကြား ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)