ဆင်းမ်ကတ်အဟောင်း လဲလှယ်ခြင်းအတွက် အပိုဒေတာလက်ဆောင် ရရှိရန်ပြုလုပ်

MPT ဆင်းမ်ကတ်ဟောင်းတွေကို 4G ဆင်းမ်ကတ်နဲ့ လဲလှယ်ပြီး ဖုန်းဘီလ်ဖြည့်ရင်ဒေတာ လက်ဆောင် ပေးမယ်လို့သိ ရပါတယ်။

USIM ကတ်အသစ် လဲလှယ်သူတွေအနေနဲ့ ၇ ရက်အတွင်းငွေဖြည့်ရင် ၁,၀၀၀ ကျပ်အတွက် 100MB, ၃,၀၀၀ ကျပ်အတွက် 300MB, ၅,၀၀၀ ကျပ်အတွက် 500MB နဲ့ ၁၀,၀၀၀ ကျပ်အတွက် 1,000MB တို့ကို အပိုဒေတာ လက်ဆောင်အဖြစ် ပေးမှာဖြစ်ကြောင်း သိရပါတယ်။

အပိုဒေတာ လက်ဆောင်တွေကို တစ်လအတွင်း အသုံးပြုနိုင်မှာဖြစ်ပြီး ဆွေသဟာ၊ ရှယ်ပြော၊ ရွှေစကားစတဲ့ အစီအစဉ် ရယူဖို့လိုအပ်မှာ ဖြစ်ပါတယ်။ လက်ရှိ USIM အသုံးပြုသူတွေအနေနဲ့အ ခုအစီအစဉ်မှာ ပါဝင် နိုင်မှာမဟုတ်ကြောင်း သိရပါတယ်။

-အောင်သက်ကို