ဆား များများစားရင် သွေးဖိအား မြင့်တက်လာနိုင်

သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ဆန် ဂျုံ စတာတွေ စားသုံးပေမဲ့၊ ဆားများများစားရင်တော့ သွေးဖိအား မြင့်တက်လာမှာဖြစ်တယ်လို့ လေ့လာချက် အသစ်တရပ်က ဖေါ်ပြပါတယ်။ သက်လတ်ပိုင်းအရွယ် လူ ၄၆၈၀ ကို လေ့လာချက်အရ အဆီအဆိမ့်နဲ့ အသားတွေ လျော့စားပြီး အသီးအနှံတွေ ပိုမိုစားသုံးပေမဲ့၊ ဆိုဒီယမ် ပမာဏ ပါဝင်မှုများတဲ့ အစာတွေကြောင့် သွေးဖိအား မြင့်တက်စေတယ်လို့ သိရပါတယ်။

ဆားကြောင့်ဖြစ်တဲ့ သွေးတိုးနဲ့ နှလုံးရောဂါတွေ ဖြစ်နှုန်းလျော့ချဖို့ လူကြီးတွေအနေနဲ့ တရက်ကို ဆား ၂ ဂရိန်နဲ့ညီတဲ့ ဇွန်းသေး တဇွန်းစာသာ စားဖို့ အကြံပြုထားပါတယ်။ အစားအစာ ထုတ်လုပ်ရောင်းချတဲ့ စားသောက်ကုန်တွေမှာ ဆားပမာဏ များပြားလေ့ရှိတာကြောင့် ရှောင်ဖို့ခက်ခဲတဲ့ ပြဿနာရှိတယ်လို့ သုတေသီတွေက ပြောပါတယ်။

RFA Burmese