၆ လက်မ screen နှင့် Snapdragon 652 ပါဝင်သည့် ZTE nubia Z11 Max

ZTE သည် Z11 mini ပြီးနောက် Z11 စီးရီး၏ ဒုတိယမြောက်ထုတ်ကုန်ဖြစ်သော nubia Z11 Max ကို တရားဝင် မိတ်ဆက်ပြသခဲ့သည်။

Z11 Max တွင် ၆ လက်မ 1080p touchscreen နှင့် Gorilla Glass 3 ပါဝင်ပြီး ကျောဘက်တွင် 16MP ကင်မရာ နှင့် Sony IMX298 sensor, f/2.0 aperture, sapphire glass protection နှင့် dual-tone LED flash တို့ ပါဝင်သည်။ အရှေ့ဘက်ကင်မရာက 8MP ဖြစ်ပြီး f/2.4 aperture နှင့် ၈၀ ဒီဂရီ wide-angle capture တို့ကို ထောက်ပံ့ပေးထားသည်။

၎င်းဟန်းဆက်တွင် Qualcomm ၏ Snapdragon 652 chipset ကို အသုံးပြုထားပြီး 4G RAM, 64GB သိုလှောင်မှုပမာဏဖြင့် အသုံးပြုနိုင်သည်။ သိုလှောင်မှု ပမာဏကို microSD မှတစ်ဆင့် တိုးမြှင့်နိုင်သည်။

ကျောဘက်တွင် လက်ဗွေဖတ်စနစ်တစ်ခုပါဝင်ပြီး 4G LTE, Bluetooth 4.1, Wi-Fi နှင့် GPS တို့ဖြင့် အသုံးပြုနိုင် သည်။ ဘက်ထရီက 4,000 mAh ဖြစ်ပြီး Android Lollipop နှင့် ZTE ၏ nubia UI 3.9.9 ဖြင့် အသုံးပြုနိုင်သည်။ အရွယ်အစားက ၁၅၉ x ၈၂.၂၅ x ၇.၄ မီလီမီတာဖြစ်ပြီး အလေးချိန်က ၁၈၅ ဂရမ် ဖြစ်သည်။

၎င်းကို ငွေရောင်၊ မီးခိုးရောင်၊ ရွှေရောင်တို့ဖြင့် ရရှိနိုင်ပြီး ဇွန်လ ၁၆ ရက်တွင် တရုတ်နိုင်ငံ၌ ၁,၉၉၉ ယွမ် (၃၀၄ ဒေါ်လာ) ဖြင့် ရောင်းချမည်ဖြစ်သည်။ နှစ်ရက်အကြာ ဇွန်လ ၁၈ ရက်တွင် nubia Z11 Max ၏ Cristiano Ronaldo Collector Edition ကို ရောင်းချမည်ဖြစ်သည်။

Cristiano Ronaldo Collector Edition ၏ ကျောဘက်တွင် ကမ္ဘာကျော်ဘောလုံးသမား ခရစ္စတီယာနို ရော်နယ်ဒို ၏ ကောက်ကြောင်းပုံနှင့် လက်မှတ်ကို လေဆာဖြင့် ထွင်းထားသည်။ ထို့အပြင် ကစားသမား၏ wallpaper များ၊ Ronaldo protective case နှင့် selfie stick တစ်ခုပါဝင်မည်ဖြစ်သည်။ အဆိုပါ edition အတွက် ၂,၂၉၉ ယွမ် (၃၄၉ ဒေါ်လာ) ကျသင့်မည်ဖြစ်သည်။

Internet Journal


Leave a Reply