ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး မအူပင် ပြည်ခိုင်ဖြိုးပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်

မအူပင် ဧပြီ ၃

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ငါးကြီးဂရက်ကျေးရွာအုပ်စု ရွာသစ်စုကျေးရွာရှိ ဦးချစ်တင်၏ တလင်းမြေတွင် ယနေ့နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ ကျင်းပသော ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း တက်ရောက် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်ဖေဦးက မိတ်ဆက်စကားပြောကြားခြင်း၊ ဧရာဝတီ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်လူငယ်ရေးရာတာဝန်ခံ ဦးသက်လင်းက အမှာစကားပြောကြားခြင်း၊ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်းက အမှာစကားပြောကြားခြင်း၊ ပြည်ခိုင်ဖြိုးပါတီ ဗဟို အတွင်းရေးမှူး ဦးသန်းထွန်းက ပါတီ၏လက်ရှိဆောင်ရွက်နေမှုများကို ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ကျေးရွာအုပ်စုအတွင်းရှိ ပါတီဝင်၂ဝဝ တို့၏ ပါတီအဆိုပြုလွှာများ စုပေါင်းပေးအပ်ခြင်း၊ ပါတီဝင် အဆိုပြုလွှာပေးအပ်သူ ဦးစန်းကိုကိုက ပါတီသို့ ဝင်ရောက်ရခြင်းအကြောင်း ရှင်းလင်းတင်ပြခြင်း၊ ပါတီဗဟိုအတွင်း ရေးမှူးနှင့် တာဝန်ရှိသူများက ပါတီဝင်များအား ပါတီရင်ထိုးတံဆိပ်များ တပ်ဆင်ပေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် ပါတီဗဟိုအလုပ်အမှုဆောင် ဧရာဝတီတိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးÓဏ်လင်း၊ ဗဟိုကော်မတီဝင်များနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ မအူပင်ခရိုင် ပါတီဥက္ကဋ္ဌ ဦးကျော်ဖေဦးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မအူပင်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ငါးကြီးဂရက်ကျေးရွာအုပ်စုနှင့် အနီးပတ်ဝန်းကျင် ကျေးရွာအုပ်စုများမှ ကျေးရွာပါတီ ဥက္ကဋ္ဌနှင့် ကျေးရွာပါတီကော်မတီဝင်များ၊ ပါတီဝင်များ စုစုပေါင်းအင်အား ၄ဝဝ ခန့် တက်ရောက်ခဲ့ကြသည်။

ဖြိုးမောင်ဇော်(မအူပင်)