ရခိုင်ပြည်နယ် အမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၃/၂၀၁၈ လပါတ်ပုံမှန်အစည်းအဝေး ကျင်းပ

၂၀၁၈ ခုနှစ် ဧပြီလ (၁) ရက်နေ့  (၁၀း၀၀) နာရီအချိန် အမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးတွင် ၃/၂၀၁၈ လပါတ်ပုံမှန်အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင်  ပြည်နယ်ကော်မတီဝင် ဦးခင်သောင်း၊ ပြည်နယ်အရံကော်မတီဝင် ဦးတင်အောင်၊ ခရိုင်ကော်မတီဝင် ဦးသောင်းငြိမ်း၊  မြို့နယ်ပါတီဥက္ကဌ ဦးကျော်ကျော်နိုင်၊ မြို့နယ်ကော်မတီဝင်များနှင့် ရုံးဝန်ထမ်း များ တက်ရောက်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ကော်မတီဝင် ဦးခင်သောင်းမှ အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်အရံကော်မတီဝင် ဦးတင်အောင်၊ ခရိုင်ကော်မတီဝင် ဦးသောင်ငြိမ်း၊ မြို့နယ်ပါတီဥက္ကဌ ဦးကျော်ကျော်နိုင်တို့မှ အသီးသီးအမှာစကား ပြောကြားကြပြီးနောက် တက်ရောက်လာသော မြို့နယ်ကော်မတီဝင်များမှ  မိမိဒေသ၏ လက်ရှိအခြေအနေ၊ လိုအပ်ချက်၊ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး အစည်းအဝေးကို ညနေ (၁၆း၀၀) နာရီအချိန်တွင် အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရှိရသည်။