ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်ရီနှင့် ဦးခင်မောင်စိုး ထန်းတပင်ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့သည် ယမန်နေ့နံနက် ၁ဝ နာရီခွဲက ရန်ကုန် မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် ပြည်ခိုင်ဖြိုးရုံးတွင် ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၉ အုပ်စုမှ ပါတီခေါင်းဆောင်များ၊ ပါတီဝင်များနှင့် တွေ့ဆုံပွဲကျင်းပသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်ရီ၊ ဗဟို အလုပ်အမှုဆောင် ဦးခင်မောင်စိုး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးသာဝင်းနှင့် ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ မြောက်ပိုင်းခရိုင်ပါတီဥက္ကဋ္ဌနှင့် ခရိုင်ကော်မတီ ဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ ထန်းတပင်မြို့နယ်မှ ပါတီဝင် အင်အား ၃ဝဝ ခန့် တက်ရောက်ခဲ့ ကြကြောင်း သိရသည်။

အစီအစဉ်အရ နိုင်ငံတော် သီချင်းသီဆို၍ အခမ်းအနားဖွင့် လှစ်သည်။ ထို့နောက် ပါတီဗဟို အလုပ်အမှုဆောင် ရန်ကုန်တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌဦးခင်မောင်စိုး ကရန်ကုန်တိုင်းဒေသကြီးပြည်ခိုင် ဖြိုးပါတီမှ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ရှေ့ဆက်လက်လုပ် ဆောင်မည့်လုပ်ငန်းစဉ်များကိုပြော ကြားပြီးလုပ်ငန်းများဆောင်ရွက်ရာ တွင်ရပ်/ကျေးပါတီခေါင်းဆောင်များ နှင့် ပါတီဝင်များသည် အရေးကြီး သည့်ပါတီတာဝန်များကို လက် တွေ့ကျကျထမ်းဆောင်ရမည့်သူ များဖြစ်သဖြင့် မိမိတို့တာဝန်များ ကို မပေါ့ဆကြစေချင်ကြောင်း ပြောကြားသည်။

ဆက်လက်၍ပါတီဗဟိုအလုပ် အမှုဆောင်တိုင်းဒေသကြီးတာဝန်ခံ ဦးခင်ရီကနိုင်ငံတော်၏လက်ရှိဖြစ် ပေါ်နေသည့်အခြေအနေများနှင့်ရခိုင် ပြည်နယ်အခြေအနေများ၊ ပါတီ စည်းရုံးရေးနှင့် စီမံခန့်ခွဲရေးလုပ် ငန်းစဉ်များကို ရှင်းလင်းပြောကြား ပြီး အဖွဲ့အစည်းတစ်ရပ်အောင်မြင် ရန်အတွက် မူဝါဒရှိရမည်ဖြစ်ပြီး အကောင်အထည်ဖော်ဆောင်မည့် သူများလည်း အရည်အချင်းပြည့်ဝ ရန်လိုအပ်ကြောင်း၊ တိုင်းပြည် အကျိုးစီးပွားအတွက် ဆောင်ရွက် နိုင်ရန် ပါတီအောင်နိုင်ရေးသည် အရေးကြီးကြောင်း မှာကြားသည်။

ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းရီက မြို့နယ်ပါတီ၏ဆောင် ရွက်ထားရှိမှုများကိုတင်ပြပြီး ရပ်/ကျေးဥက္ကဋ္ဌတစ်ဦးက ပါတီ အောင်နိုင်ရေးအတွက် ဆောင်ရွက် ခဲ့မှုများကို ဆွေးနွေးတင်ပြပြီး တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။

ထိန်ဝင်း(YGN)