ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပရေး ကြိုတင်လေ့ကျင့်

 

နေပြည်တော် အောက်တိုဘာ ၂

နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီး မှူးကျင်းပမည့်ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပနိုင်ရေးအတွက် ကြို တင်လေ့ကျင့်မှုများကို ယမန်နေ့နံနက်ပိုင်း တွင် ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါကြိုတင်လေ့ကျင့်ရာတွင် ပြည် ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ အမျိုး သမီးရေးရာတာဝန်ခံ ဒေါ်သီတာထွေးက ဦးဆောင်၍ အမျိုးသမီးငယ်များအား ကြို တင်လေ့ကျင့်ပေးသည်။၊ ဥတ္တရသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဇော်လင်းနှင့် ကော်မတီဝင်များကလည်း ယခုလ ၄ ရက် တွင်ကျင်းပမည့် ဗဟိုအမျိုးသမီးညီလာခံ အကြို နှီးနှောဖလှယ်ပွဲအတွက် ဆောင်ရွက် ထားမှုအခြေအနေများကို ဆွေးနွေးတင်ပြ ခြင်း၊ လိုအပ်သည်များကို ဖြည့်စွက်ဆွေး နွေးခြင်း၊ တာဝန်များ ခွဲဝေခြင်းများဆောင် ရွက်ခဲ့သည်။

အကြိုလေ့ကျင့်ပွဲသို့ ပြည်ထောင်စု နယ်မြေ ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေး ရာတာဝန်ခံဒေါ်သီတာထွေး၊လူငယ်တာဝန်ခံ ဦးကျော်ဌေး၊ နေပြည်တော်ခရိုင်နယ်မြေ တာဝန်ခံ၊ ဥတ္တရသီရိမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးဇော်လင်း၊ အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်စန်းစန်းဝင်း၊ အတွင်းရေးမှူး ဦးသန်းလွင်၊ ဘဏ္ဍာရေးမှူး ဦးမောင်စိုးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ပါတီဥက္ကဋ္ဌများ၊ အမျိုးသမီးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ပေါ်ဦး(နေပြည်တော်)