တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရကျောင်းသားကျောင်းသူများ ဆုချီးမြှင့်ပွဲအခမ်းအနားပြည်ခိုင်ဖြိုးပါတီဗဟို အတွင်းရေးမှူး တက်ရောက်ချီးမြှင့်

၂ဝ၁၄-၂ဝ၁၅ခုနှစ်နှင့် ၂ဝ၁၅- ၂ဝ၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေး ပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ ကြသော ကျောင်းသားကျောင်းသူ များအား ဆုချီးမြှင့်ပေးအပ်ပွဲအခမ်း အနားကို ယခုလ ၉ ရက် နံနက် ၉ နာရီက ရေနံချောင်းမြို့ မြို့တော် ခန်းမ၌ကျင်းပခဲ့ရာ အခမ်းအနား တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေး မှူး ဒေါ်ဝင်းမော်ထွန်း၊ အရုဏ်ဦး ကုမ္ပဏီမှဒါရိုက်တာဦးအေးသောင်း နှင့် အရုဏ်ဦးကုမ္ပဏီ၏ အကြံ ပေး ဦးအုန်းမြင့်တို့က ဂုဏ်ထူးရ ကျောင်းသားကျောင်းသူ ၂၇၈ဦးတို့ အတွက်ဆုချီးမြှင့်ငွေကျပ်၅၅၈သိန်း ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆုချီးမြှင့် ခြင်းခံရသောကျောင်းသားကျောင်း သူများမှာ ရေနံချောင်းစာစစ်ဌာန၊ ပြင်ပစာစစ်ဌာနများမှ ထူးချွန် ကျောင်းသားများဖြစ်ကြောင်း သိ ရသည်။

13606462_618490938320421_7155094646169428752_n

အခမ်းအနားတွင်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အတွင်းရေးမှူး ဒေါ်ဝင်းမော်ထွန်း က မြို့မိမြို့ဖအားလုံး၏ကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ ပြီး အရုဏ်ဦးကုမ္ပဏီဒါရိုက်တာ ဦးအေးသောင်းက ဆုချီးမြှင့်ရခြင်း အကြောင်း ရှင်းလင်းပြောကြားခဲ့ သည်။ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်က တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ သော မောင်အောင်ဖြိုးက ကျောင်း သားကျောင်းသူများ ကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ သည်။

အရုဏ်ဦးကုမ္ပဏီသည်ကွန်ပျူ တာသင်တန်းနှင့် အင်္ဂလိပ်စကား ပြောသင်တန်း ဖွင့်လှစ်ပေးရန် ရည်ရွယ်ထားကြောင်း၊ မြို့နယ် ဖွံ့ဖြိုးရေးအတွက် ရေဘေးအလှူ ငွေ ကျပ်သိန်း ၅ဝ၊ နွေရာသီ ရေ ဖြန့်ဝေမှု ငွေကျပ် ၂၃၉ သိန်း၊ စက်ရေတွင်းလှူဒါန်းငွေ ကျပ်သိန်း ၁ဝဝဝ၊ ဖောင်းကတောကျေးရွာ ကုသိုလ်ဖြစ်ဆေးခန်းငွေကျပ်သိန်း ၁ဝဝဝ၊ ပညာရေးအလှူ ငွေကျပ် သိန်း ၁၁ဝဝ၊ လူမှုရေးအလှူငွေ ကျပ်သိန်း ၂၇ဝဝ ကျော်လှူဒါန်း ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဗဟိုအတွင်းရေးမှူး ဒေါ်ဝင်း မော်ထွန်း၊ အရုဏ်ဦးကုမ္ပဏီမှ ဒါရိုက်တာဦးအေးသောင်း၊အရုဏ်ဦး ကုမ္ပဏီ၏ အကြံပေးဦးအုန်းမြင့်၊ တွဲဖက်ပါမောက္ခ ဦးခင်မောင်အေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်၊ မြို့နယ်ပညာရေးမှူး ဦးခင်မောင် ကျော်၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ အထက၊ အလကကျောင်း များမှ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်း သူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့သည်။

Union daily


Leave a Reply