တောင်ငူလေတပ်စခန်းဌာနချုပ်မှ အက်ဖ်-၇ လေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းစဉ် ပျက်ကျ

 

နေပြည်တော် ၊ ဧပြီ ၃

တောင်ငူလေတပ်စခန်းဌာနချုပ်မှ လေ့ကျင့်ပျံသန်းမှုဆောင်ရွက်နေသော အက်ဖ် – ၇ လေယာဉ်တစ်စီးသည် ယနေ့ နံနက်ပိုင်းတွင် လေယာဉ်ကွင်း၏ အနောက်ဘက် ၃ မိုင်ခန့်  အကွာ အမြင့်မီတာ ၅၀၀ ခန့် အရောက်၌ စက်ချို့ယွင်းမှုကြောင့် ပျက်ကျသွားခဲ့ သည်။

အဆိုပါ လေယာဉ်ပျက်ကျရာနေရာသို့  တောင်ငူလေတပ်စခန်းဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ဝင်များက သွားရောက်ရှာဖွေခဲ့ရာ တောင်ငူမြို့ ၊ ကျွန်းကုန်းရွာနှင့် မြောက်ရေကြည်ရွာကြားတွင် ပျက်ကျ ပျက်စီးသွားခဲ့သော လေယာဉ်အား ရှာဖွေတွေ့ ရှိခဲ့သည်။

လေယာဉ်မှူး ဗိုလ်မှူးအာကာဝင်းသည် အရေးပေါ်လေထီးဖြင့် ခုန်ထွက်ခဲ့သော်လည်း ရရှိသော ဒဏ်ရာများ ကြောင့် တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူစဉ် ကွယ်လွန်သွားခဲ့ပြီး အသေးစိတ် အခြေအနေများအား ဆက်လက်စုံစမ်းစိစစ်လျက်ရှိကြောင်း သတင်းရရှိသည်။

(တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)