မြန်မာလူငယ်ခေါင်းဆောင်မှုဆိုင်ရာ ပညာသင်ဆုအကြောင်းဆွေးနွေးပွဲ ပြုလုပ်မည်

မြန်မာလူငယ်ခေါင်းဆောင်မှုဆိုင်ရာ ပညာသင်ဆုအကြောင်း ဆွေးနွေးပွဲကို အောက်တိုဘာလ ၃ ရက် မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၁ နာရီအထိ ကောင့်ဘေစီခန်းမ၊ အမေရိကန်စင်တာ (အမှတ် ၁၄၊ တော်ဝင်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့) တွင်လည်းကောင်း၊ စက်တင်ဘာလ ၂၁ ရက် ညနေ ၄ နာရီခွဲ မှ ညနေ ၅ နာရီခွဲ အထိ ဂျက်ဖာဆင် စင်တာ၊ အမှတ် ၅၃၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြား၊ ၇၁ လမ်းနှင့် ၇၁ လမ်းထောင့်။ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့တွင်လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန်သံရုံးမှ သိရသည်။

မြန်မာလူငယ်ခေါင်းဆောင်မှုဆိုင်ရာပညာသင်ဆု (MYLP) အတွက် ကျောင်းသူ၊ ကျောင်းသားများ၊ ပညာသင်ကြား ပို့ချပေးနေသူများ (ဆရာ၊ဆရာမများနှင့် လူမှုအဖွဲ့ အစည်းခေါင်းဆောင်များ) အား အမေရိကန်သံရုံးမှ ခေါ်ယူ နေခြင်းဖြစ်ပြီး အဆိုပါ မြန်မာလူငယ်ခေါင်းဆောင်မှုဆိုင်ရာ အစီအစဉ် (MYLP) သည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပညာသင်ဆု အစီအစဉ်တစ်ခုဖြစ်သည်။

မြန်မာလူငယ်များကို စုစည်း၍ ခေါင်းဆောင် မှုဆိုင်ရာအကြောင်း၊ ပြည်သူ့နီတိအကြောင်း၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အသိပညာအကြောင်းတို့ကို အမေရိကန်ပြည်ထောင်စုတွင် တစ်လခန့်ကြာလေ့လာသင်ယူရမည့် အစီအစဉ် တစ်ခုဖြစ်သည်။

ဆွေးနွေးပွဲတက်ရောက်လိုသူများနှင့် လိုအပ်ချက်များနှင့်ကိုက်ညီမှုရှိမရှိနှင့် လျှောက်လွှာအတွက် ညွှန်ကြားချက် များ နှင့် ပတ်သက်သော သတင်းအချက်အလက်များ သိရှိနိုင်ရန်အတွက် https://www.facebook. com/usembassy.rangoon/ ?fref=ts  နှင့် https://burma.usembassy. gov/bylp.html  တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။

# Internet Journal


Leave a Reply