တရုတ်အကြောင်း ပြင်သစ်၊ ဂျာမန်ခေါင်းဆောင်တွေနဲ့ ထရမ့် ဆွေးနွေး

အမေရိကန်သမ္မတ ထရမ့်ဟာ တရုတ်အစိုးရရဲ့ ပြည်ပကုန်သွယ်ရေးဆိုင်ရာ လုပ်နည်းလုပ်ဟန်တွေကို ပြင်သစ် သမ္မတ မာခရွန် နဲ့ ဂျာမန်ဝန်ကြီးချုပ် မာကဲလ်တို့နဲ့ မနေ့က ဖုန်းဆက်ပြီး ဆွေးနွေးခဲ့တယ်လို့ ထရမ့်ရဲ့  အိမ်ဖြူတော်က ကြေညာပါတယ်။

ဂျာမန် ဝန်ကြီးချုပ်နဲ့ ဆွေးနွေးရာမှာ တရုတ် စီးပွါးရေးလုပ်ငန်းရှင်တွေ လုပ်ကိုင်ပုံနဲ့ အတတ်ပညာမူပိုင်ခွင့်တွေကို ဖေါက်ဖျက်ခိုးယူတာတွေကို တုံ့ပြန်ဖို့ ပူးပေါင်းလက်တွဲသွားမယ်ဆိုတာလဲ ပါဝင်တယ်လို့ဆိုပါတယ်။

နိုင်ငံတကာ ကုန်သွယ်ရေးမှာ တဖက်သတ် အသာစီးရအောင် တရုတ်အစိုးရက ကြိုးပမ်းခဲ့တယ်လို့ သမ္မတ ထရမ့်က မကြာမကြာ စွပ်စွဲပြောကြားပြီး တရုတ်သွင်းကုန်တွေကို စည်းကြပ်ခွန်တွေ ကောက်မယ်လို့ မကြာသေးခင်ကပဲ ကြေညာခဲ့ပါတယ.်။

ဒါ့အပြင် ဗြိတိန်နိုင်ငံမှာ နေထိုင်တဲ့ ရုရှား သူလှျှိဟောင်း နဲ့  သမီးဖြစ်သူတို့ အသတ်ခံရမှုနဲ့ ပတ်သက်လို့ ရုရှားသံတမန်တွေကို မောင်းထုတ် အရေးယူခဲ့ကြတာတွေကိုလည်း ချီးကျူးစကား ပြောခဲ့တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

-Ref; RFA