ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်လှစ်

မြစ်သား မတ် ၂၅

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်က နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်ပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာအခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် ဖွင့်လှစ်ပြီး မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းထွန်း က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပါတီကော်မတီဝင်ဦးသန်းဦးက သင်တန်းစည်းကမ်းများကို ရှင်းလင် ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး တိုင်းပါတီကော်မတီဝင် ဦးသန်းထွန်း၊ ကျောက်ဆည်ခရိုင် တာဝန်ခံ တိုင်းပါတီကော်မတီဝင် ဒေါ်သိင်္ဂီအောင်၊ ကျောက်ဆည်ခရိုင်အတွင်းရေးမှူး ဦးစန်းမြင့်၊ ကျောက်ဆည် ခရိုင်ကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်၊ အတွင်းရေးမှူး ဦးဝင်းမြင့်၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ ကျေးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင် ၁၁၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဥာဏ်ဆောင်(မြစ်သား)