တံတားဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်း ဖွင့်လှစ်

 

တံတားဦး မတ် ၂၂

မန္တလေးတိုင်းဒေသကြီးတံတားဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ၂ဝ၁၈ နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား) သင် တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉နာရီက မြို့နယ်ပြည်ခိုင်ဖြိုး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်း အနားသို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ မှ ကော်မတီဝင် ဦးသန်းထွန်း , တိုင်းဒေသကြီးပါတီကော်မတီဝင် ကျောက်ဆည်ခရိုင် နယ်မြေတာဝန်ခံ ဒေါ်သိဂီ င်္အောင်, ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင် မြင့်သန်း၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်း၊ အတွင်းရေး မှူး နှင့်ကော်မတီဝင်များ၊ ရပ်/ကျေး( ၆၄) အုပ်စု မှ သင်တန်းသား သင်တန်းသူ (၈၆)ဦး တက်ရောက် ကြသည်။

အခမ်းအနားကို နိုင်ငံတော် သီချင်းဖြင့်သီဆိုဖွင့်လှစ်ပြီး ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီ ကော်မတီဝင် ခရိုင်နယ်မြေတာဝန်ခံ ဒေါ်သိဂီ င်္အောင် က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် မြို့နယ်ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူး ဦးနိုင်လင်းထူး က သင်တန်းနှင့်ပတ်သက်သည့် စည်း ကမ်းချက်များအား ရှင်းလင်းဖတ် ကြားသည်။
ဆက်လက်၍ နံနက် ၉နာရီခွဲတွင် တိုင်းဒေသကြီးပါတီကော်မတီဝင် ခရိုင်နယ်မြေတာဝန်ခံ ဒေါ်သိဂီ င်္အောင် , ကျောက်ဆည် ခရိုင် ပါတီ အတွင်းရေးမှူး ဦးစန်းမြင့် , ခရိုင်ပါတီ ကော်မတီဝင် ဒေါ်ခင်နွယ်မြင့် နှင့် မြို့နယ်ပါတီ ကော်မတီဝင် ဒေါ်ခင်ပန်းအိဆွေ တို့မှဘာသာ ရပ် အသီးသီးအား(၁၆း၀၀)အချိန်ထိ ဆွေးနွေးပို့ချခဲ့ကြောင်း နှင့် သင်တန်း ကာလမှာ နှစ်ရက်ကြာမြင့်မည်ဖြစ် ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး