နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု (ဆင့်​ပွား) သင်​တန်းအမှတ်​စဉ် ​(၁) ဖွင့်​ပွဲအခမ်းအနား ကျင်းပပြုလုပ်

 

မ​ကွေး၊ မတ်​၊ ၂၂

မ​ကွေးခရိုင်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ ကြီးမှူးပြုလုပ်​​သော နိုင်​ငံ​ရေးစီမံခန့်​ခွဲမှုဆင့်​ပွားသင်တန်းအမှတ်​စဉ်​(၁) ဖွင့်​ပွဲအခမ်းအနားကို ယ​နေ့ ၀၉း၃၀ နာရီတွင်​ မ​​ကွေးတိုင်း​ဒေသကြီးပါတီ အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်​ရာ အခမ်းအနားသို့ ဗဟိုအလုပ်​အမှု​​ဆောင်​၊ မ​​ကွေးတိုင်း​ဒေသကြီးပါတီဥက္ကဌ ​ဒေါက်​တာ​မောင်​​မောင်​​ဌေး၊ တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်၊ တိုင်း​ဒေသကြီးပါတီ​ကော်​မတီ
ဝင်​များ ဖြစ်​ကြ​သော ဦး​စောဝင်း​မောင်​၊ ဦး​အောင်​နိုင်​၊ ဦးသန်းဝင်း၊ မ​ကွေးခရိုင်​ပါတီဥက္ကဌ ဦးထွန်းရှိန်​နှင့်​ ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊ ခရိုင်​အတွင်းရှိမြို့နယ်​ (၆) မြို့နယ်​မှ သင်​တန်းသား/သူများ တက်​​ရောက်​ခဲ့ကြပါသည်​။
 အခမ်းအနားကို နိုင်​ငံ​တော်​အလံ အ​လေးပြုခြင်း၊ နိုင်​ငံ​တော်​သီချင်းသီဆိုခြင်းတို့ဖြင့်​ ဖွင့်​လှစ်​ခဲ့ပြီး တိုင်းပါတီဥက္ကဌမှ သင်​တန်းအဖွင့်​အမှာစကား​ ​​ပြောကြားခြင်း၊ မြို့နယ်​အလိုက်​သင်​တန်းသားများမိတ်​ဆက်​ခြင်း​ဆောင်​ရွက်​ခဲ့ကြပါသည်​။
အဆိုပါသင်​တန်းသို့ မ​ကွေးခရိုင်​အတွင်းရှိ မ​ကွေး၊ ​ရေနံ​ချောင်း၊ ​တောင်​တွင်းကြီး၊ ​ချောက်​၊ မြို့သစ်​၊ နတ်​​မောက်​တို့မှ သင်​တန်းသား/သူ (၃၀) ဦး တက်​​ရောက်​ခဲ့ကြပြီး သင်​တန်းနည်းပြများအဖြစ်​ ပါတီဌာနချုပ်​တွင်​ဖွင့်​လှစ်​ခဲ့​သော နိုင်​ငံ​ရေးစီမံခန့်​ခွဲမှုနည်းပြသင်​တန်းအမှတ်​စဉ်​ (၃) တွင်​ တက်
ရောက်​ခဲ့သူများမှ ​ဆောင်​ရွက်​၌ ပြန်​လည်​​ဝေမျှ ပို့ချသွားမည်​ဖြစ်​​ကြောင်း သိရပါသည်​။

Min Zaw