နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
မကွေး၊ မတ်၊ ၂၂
မကွေးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးပြုလုပ်သော နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်းအမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့ ၀၉း၃၀ နာရီတွင် မကွေးတိုင်းဒေသကြီးပါတီ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဗဟိုအလုပ်အမှုဆောင်၊ မကွေးတိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းဒေသကြီးပါတီကော်မတီ
ဝင်များ ဖြစ်ကြသော ဦးစောဝင်းမောင်၊ ဦးအောင်နိုင်၊ ဦးသန်းဝင်း၊ မကွေးခရိုင်ပါတီဥက္ကဌ ဦးထွန်းရှိန်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ခရိုင်အတွင်းရှိမြို့နယ် (၆) မြို့နယ်မှ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားကို နိုင်ငံတော်အလံ အလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းတို့ဖြင့် ဖွင့်လှစ်ခဲ့ပြီး တိုင်းပါတီဥက္ကဌမှ သင်တန်းအဖွင့်အမှာစကား ပြောကြားခြင်း၊ မြို့နယ်အလိုက်သင်တန်းသားများမိတ်ဆက်ခြင်းဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါသင်တန်းသို့ မကွေးခရိုင်အတွင်းရှိ မကွေး၊ ရေနံချောင်း၊ တောင်တွင်းကြီး၊ ချောက်၊ မြို့သစ်၊ နတ်မောက်တို့မှ သင်တန်းသား/သူ (၃၀) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းနည်းပြများအဖြစ် ပါတီဌာနချုပ်တွင်ဖွင့်လှစ်ခဲ့သော နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်းအမှတ်စဉ် (၃) တွင် တက်
ရောက်ခဲ့သူများမှ ဆောင်ရွက်၌ ပြန်လည်ဝေမျှ ပို့ချသွားမည်ဖြစ်ကြောင်း သိရပါသည်။
Min Zaw