ဗုဒ္ဓဓမ္မပရဟိတဖေါင်ဒေးရှင်း (ဗဟို) သြဝါဒခံယူပွဲနှင့်ဆွမ်းဆန်စိမ်းလောင်းလှုပွဲ ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးသန်းဌေး တက်ရောက်လောင်းလှူ

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ကျောက်တော်ကြီးဘုရားအနီးရှိ သီရိမင်္ဂလာမဟာသာသနာ့ဗိမ္ပာန် တော်ကြီးတွင် မေလ (၂၇) ရက်နေ့လည် (၂) နာရီက အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖေါင်ဒေးရှင်း (ဗဟို) က ကျင်းပသည့် နှစ်ပါတ်လည်စုံညီသြဝါဒခံယူပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား သို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးနှင့်ဇနီး ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီတာဝန်ခံ ဗဟို အလုပ်အမှုဆောင် ဦးခင်ရီ၊ တိုင်းပါတီဥက္ကဌ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုး၊ ဦးမြင့်စိုးနှင့် ဗဟိုပါတီ ကော်မတီဝင်များ၊ တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြသည်။

ထို့နောက် တန်ဖိုးငွေ (၁၁၁) သိန်းတန်ဖိုးရှိပစ္စည်းနှင့် ဝတ္ထုငွေများကို ပြည်နယ်တိုင်းအသီးသီးမှ ကြွရောက်လာ ကြသည့် သံဃာတော် (၂၅၆၂) ပါးနှင့် သီလရှင်ဆရာကြီး ဆရာလေး (၅၀၀) တို့အား ကုသိုလ်ပြုလှုဒါန်းခဲ့ကြ ကြောင်းသိရှိရသည်။