ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီနှင့် ဦးခင်မောင်စိုး မြို့နယ်ပါတီဥက္ကဋ္ဌများနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့သည် ရန်ကုန်တောင်ပိုင်း ခရိုင် မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီက ရန်ကုန်တိုင်းပြည်ခိုင်ဖြိုး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အစီအစဉ်အရ ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်ရီက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသောခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများက မိမိတို့ ခရိုင်နှင့်    မြို့နယ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များကို အသီးသီးတင်ပြခဲ့ကြသည်။

ထို့နောက် တိုင်းပါတီဥက္ကဋ္ဌဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးက နိဂုံးချုပ်အမှာစကားပြော ကြားခဲ့ကြောင်း သိရသည်။

ထိန်ဝင်း (YGN)