ပြည်ခိုင်ဖြိုးပါတီနှင့် စေတနာရှင်များပူးပေါင်း၍ သောက်သုံးရေများလှူဒါန်း

ယခုအချိန်သည် ပူပြင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလျက်ရှိပြီး မြန်မာနိုင်ငံအရပ်ရပ်ရှိ အချို့ သောဒေသများတွင် ရေရှားပါးမှုပြဿနာများ ကြုံတွေ့နေရသည် ဖြစ်သည်။ ကြံခင်းမြို့နယ် ရေနံ တောင်ကျေးရွာအုပ်စုရှိ ကျေးရွာများဖြစ်ကြသော ရေငံ၊ ကျည်တိုင်ကွင်း၊ အေးချမ်းမာလာ စသောရွာများတွင်လည်း သောက်သုံးရေ ပြတ်လပ်မှုကို ဧပြီလဆန်းပိုင်းမှစတင်၍ ကြုံတွေ့နေရသည်ဖြစ်ရာ စေတနာရှင်ပြည်သူများက ရေသန့်များ၊ သုံးရေများကို နေ့စဉ်နှင့်ရက်ခြား လှူဒါန်းလျက် ရှိနေသည်ကို တွေ့မြင်ရသည်။
မေလ (၁၄) ရက် နံနက်ပိုင်းက ကြံခင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ် ပါတီကော်မတီဝင် ဦးခင်လှ ဦးဆောင်သော စေတနာရှင်များသည် ရေငံရွာနှင့် ကျည်တိုင်ကွင်းရွာ များသို့ ရေဂါလန် ၄ဝဝဝ ကို သွားရောက်လှူဒါန်းခဲ့ကြသည်။

အလားတူ ကြံခင်းမြို့ ရွာသစ်ရပ်ကွက် ပြည်သူများလှူဒါန်းသော ရေဂါလန် ၈ဝဝ၊ အမှတ် ၃၂ အကြီးစားစက်ရုံမှ လှူဒါန်းသော ဂါလန် ၂၄ဝဝ တို့ကိုလည်း ရေရှားပါးမှုကြုံတွေ့နေရသည့် ရွာသူရွာသားများထံ ပေးအပ်လှူဒါန်းခဲ့ကြသည်။

အောင်ဆန်းဝင်း(ကြံခင်း)


Leave a Reply