မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီစည်း/မှူးများတွေ့ဆုံလုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

 

မြိတ်မြို့ နယ် ပြည်ခိုင်ဖြိုး မှပါတီရေးရာကိစ္စ လုပ်ငန်းဆောင်ရွက်မှု ညှိနှိုင်း အစည်းအဝေးကို ယနေ့ ဖေဖေါ်ဝါရီလ၇ရက်၊ နေ့လည် (၁း၀၀)နာရီက မြိတ်မြို့နယ်၊ ပြည်ဖြိုးပါတီ ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အစည်းအ​ဝေးတွင် ပါတီဥက္ကဌ ဦးမိုးမြင့်က အဖွင့် အမှာစကားပြောခဲ့ရာ မိမိတို့ပါတီဝင်များအနေဖြင့် ပါတီအဆင့်ဆင့်၏ လမ်းညွှန်မှာကြားချက်နှင့်အညီ
ပေးအပ်ထားသည့်တာဝန်ဝတ္တရားများနှင့်လုပ်ငန်း ကဏ္ဍအသီးသီးတို့ကို အချိန်နှင့်တပြေးညီ ပြီးမြောက် အောင်အလေးထားအကောင်ထည် ဖေါ်ဆောင်ရွက် ကြစေလိုကြောင်း ၊ ထို့နောက် မကြာမှီမြိတ်မြို့၌ ကျင်းပဆောင်ရွက်မည့် နိုင်ငံနှင့် နိုင်ငံသားများအပေါ် တာဝန်ကျေပွန်စွာ သစ္စာရှိရှိဖြင့် အသက်နှင့်ရင်းပြီး ကာကွယ်စောင့်ရှောက်ပေးလျက်ရှိတဲ့ မြန်မာ့တပ်မတော်နှင့်နိုင်ငံ့ဝန်ထမ်းကောင်းများ ထောက်ခံပွဲကို မိမိတို့ အနေဖြင့်လည်း တူညီတဲ့ အမျိုးသားရေးအင်အားစုတွေနှင့်အတူ တက်ကြွစွာ ပါဝင်တက်ရောက်ထောက်ခံသွားကြမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစည်းအ​ဝေးကို မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးမိုးမြင့်နှင့် ကော်မတီဝင်များ၊ ရပ်ကွက် နှင့် ​ကျေးရွာ ၃၄နေရာမှ ပါတီစည်း/မှူးများနှင့် ပါတီဝင် များတက်ရောက်ကြကြောင်းသိရသည်။

Kyaw Linn