ဒဂုံမြို့သစ်(မြောက်ပိုင်း)ပြည်ခိုင်ဖြိုးပါတီ ဖြိုးစေတနာ သွားနှင့်ခံတွင်း အခမဲ့ကွင်းဆင်းကုသ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ် (မြောက် ပိုင်း) မြို့နယ် ဖြိုးစေတနာ(အခမဲ့) သွားနှင့်ခံတွင်းဆေးကုသမှု အဖွဲ့သည် ဖေဖော်ဝါရီလ ၇ ရက် နံနက် ၉နာရီမှစတင်၍ ၄၉၊ ၅ဝ၊ ၅၁ ရပ်ကွက်မှဝေဒနာရှင် ၄ဝ ကို အခမဲ့ကုသမှုကို အမှတ် (၅၁)ရပ်ကွက် ပြည်တော်အေးဓမ္မာရုံ၌် ကွင်းဆင်းကုသဆောင်ရွက် ပေးခဲ့ကြသည်။

အဆိုပါကွင်းဆင်းကုသမှုဆောင်ရွက်ရာတွင် မြို့နယ်ပါတီ အတွင်းရေးမှူး ဦးသန်းစိုး၊ မြို့ နယ်ပါတီကော်မတီဝင်များဖြစ်ကြ သော ဒေါ်ဝင်းဝင်းအောင်၊ ဦးမင်းဇော်ဦး၊ ဦးကျော်ထင်၊ ဦးမြင့်ဦး၊ ဒေါ်မာလာရီလွင်၊ ဒေါက်တာဇော်လင်းပြုံး (အကူ)၊ ဒေါက်တာ ခိုင်ဇင်အောင်နှင့် အမှတ် (၅ဝ၊ ၅၁) ရပ်ကွက်စည်းရုံးရေးမှူး ဦးဆန်းဝင်း၊ ဦးတင်ဆန်းအောင်နှင့် အမှုဆောင်များ ပါဝင်ဆောင် ရွက်ခဲ့ကြသည်။

မြင့်ဦး