မီးဘေးသင့်မိသားစုများအား တစ်ဆုပ်ဆန်လှူအသင်း ဆန်ထောက်ပံ့

 

မြစ်ကြီးနားမြို့ မန်ခိန်ရပ် ကွက် စက်မှုနယ်မြေတွင် ယခုလ ၂ ရက် ည ၁၁ နာရီခွဲခန့်က မီးဘေးဖြစ်ခဲ့ပြီး နေအိမ်ငါးလုံး၊ မိသားစု ၁ဝ စု၊ လူဦးရေ ၅ဝခန့် မီးဘေးကြုံတွေ့ခဲ့ရသည်။

မီးဘေးသင့်မိသားစုများအား မြစ်ကြီးနားမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ”တစ် ဆုပ်ဆန်လှူအသင်း”က ယနေ့ နံနက် ၁ဝ နာရီတွင် မီးဘေးသင့် မိသားစုတစ်စုလျှင် တန်ဖိုးအားဖြင့် ငွေကျပ် ၃၅ဝဝဝ ရှိသည့် ဆန် တစ်အိတ်နှုန်းဖြင့် မိသားစု ၁ဝ စု အတွက် ဆန် ၁ဝ အိတ်ထောက်ပံ့ လှူဒါန်းပွဲကို စက်မှုရပ်ကွက်ရုံး တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

”ကျွန်တော်တို့ တစ်ဆုပ်ဆန် လှူအသင်းအနေနဲ့ မြစ်ကြီးနားမြို့ နယ်အတွင်းရှိ လူမျိုးဘာသာမခွဲ ခြား၊ နိုင်ငံရေး အသွေးအရောင်မ ခွဲခြား လှူဒါန်းမှုပြုနေတာပါ။ အခု လည်းမီးဘေးသင့်မိသားစုကိုကိုယ် ချင်းစာစိတ်ဖြင့် လာရောက်လှူဒါန်း တာပါ”ဟု မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးညွန့်ဝင်းကပြောသည်။
အဆိုပါ ထောက်ပံ့လှူဒါန်း ပွဲသို့ ခရိုင်ပြည်ခိုင်ဖြိုးပါတီကော်မ တီဝင်ဦးလူးကပ်စ်၊ မြို့နယ်ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့်ဝင်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးလာ ပေါ်ဟူး၊ ဘဏ္ဍာရေးမှူးဦးဥက္ကာ၊ ရပ်ကွက်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ များဖြစ်သည့် ဦးမင်းနောင်၊ ဦးလှိုင် မျိုး၊ ဦးဇော်ခင်၊ ဦးဇော်လွင်နှင့် ကော်မတီဝင်များနှင့် တာဝန်ရှိသူ များ မီးဘေးသင့်မိသားစုများ တက် ရောက်ခဲ့ကြသည်။

EPN