ဝိလာသတောင်ပေါ်၌ ရွှေသိမ်တော်ဆောက်လုပ်ရန် ခရိုင်ပြည်ခိုင်ဖြိုးပါတီဝင်လူငယ်များ အလှူငွေများလှူဒါန်း

 

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် တိန်းသော်ကျေးရွာမြောက်ဘက် ဝိလာသတောင်ပေါ်တွင် ယခင်က လူနေထိုင်ခြင်း။ ရဟန်းသံဃာများ သတင်းသုံးနေထိုင်ခြင်းမရှိခဲ့သော်လည်း ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် ကမ္ဘာ့ဧကရာဇာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိလာသ(ရွှေကိုယ်တော်)နှင့် တိန်းသော်ကျေးရွာကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဇောတိကတို့ ဦးစီး၍ ဝိလာသတောင်ပေါ်တွင် ဘုန်းကြီးကျောင်းဆောက်လျက်ရှိသည်။ ထို့ပြင် ဆရာတော်သံတော် များနှင့် ဗန်းမော်ခရိုင်ခေတ္တအုပ်ချုပ်ရေးမှူးဦးညွန့်စိုးတို့ ကြီးမှူး၍ ယခုလ ၁ ရက်မှ ၄ ရက်အထိ ရတနာဝိလာသီသိမ်ကျောင်းဆောက်လုပ်ရန်အတွက် သိမ်သမုတ်ပွဲကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ သိမ်ကျောင်းဆောက်လုပ်ရေးအတွက် ခရိုင်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးဇော်မင်းရင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသက်ဝင်း၊ အတွင်းရေးမှူးဦးစောကျော်မိုးနှင့်ကော်မတီဝင်များ၊ လူငယ်မောင်မယ် ပါတီဝင်များ စုစုပေါင်း ၅၅ ဦးတို့က ယခုလ ၂ရက် မွန်းလွဲ ၁ နာရီခွဲက ဝိလာသတောင်ပေါ်၌ အလှူငွေများလှူဒါန်းခဲ့ပြီး အချိုရည်ဘူးများ ဆက်ကပ်ခဲ့ကြရာ ဆရာတော်တို့က လက်ခံယူခဲ့ကြ သည်။ လှူဒါန်းမှုအစုစုမှာ ခရိုင်ပြည်ခိုင်ဖြိုးပါတီက အလှူငွေကျပ် တစ်သိန်း၊ မြို့နယ်ပါတီက ငွေကျပ် ၆၈၅ဝဝ နှင့် အချိုရည်ဂျပ်ဖာရှစ်လုံးတို့ဖြစ်သည်။

ဆီမီးခုံ-နန်းရီ