တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တော်လတီဒေသ ဖက်ဝန်းကုန်း ကျေးရွာအုပ်စုသို့ ပါတီဝင်အင်အား စိစစ်ခြင်း လုပ်ငန်း ကွင်းဆင်းဆောင်ရွက်

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ မြို့နယ်ပါတီကော်မတီဝင် တော်လတီဒေသတာဝန်ခံဦးမြင့်ရွှေ၊ မြို့နယ်လူငယ်ရေးရာပါတီ ကော် မတီဝင်ကိုသန်းနိုင်၊သတင်းမီဒီယာ တာဝန်ခံ ဦးတင်မောင်ဇော် ဦးဆောင် ပြီး ယခုလ ၁၃ ရက် မွန်းတည့် ၁၂ နာရီမှစတင်၍ ဖက်ဝန်းကုန်း ကျေးရွာအတွင်းပါတီဝင်အင်အား စိစစ်ခြင်းလုပ်ငန်းကို ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။


ထိုသို့ကွင်းဆင်းဆောင်ရွက် ရာတွင် ပါတီဝင်များတွင်ရှိရမည့် အရည်အချင်းသတ်မှတ်ချက်များ နှင့်လျော်ညီစွာ မိမိတို့၏ပါတီဝင် အင်အား ကျစ်လျစ်ခိုင်မာစေရေး ဦးတည်ချက်ထားလျက် ပါတီဝင် တစ်ဦးချင်းစီ၏ ဆန္ဒသဘောထား များရယူပြီး ပါတီဝင်အင်အားပြန် လည်စိစစ်ခြင်း၊ ပါတီဝင်နှစ်စဉ် ကြေးပေးသွင်းနိုင်ရေး ဆောင်ရွက် ခြင်းလုပ်ငန်းနှင့် ပါတီဝင်အင်အား သစ်များ စည်းရုံးခြင်းတို့ကိုကွင်း ဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းဆောင်ရွက် ရာသို့ ပြည်ခိုင်ဖြိုးပါတီ တော်လတီ ဒေသတာဝန်ခံများနှင့်အတူ ဖက် ဝန်းကုန်းကျေးရွာအုပ်စု ပါတီ စည်းရုံးရေးမှူး ဦးလှမင်း (မြို့နယ် လူငယ်ရေးရာ)၊ ဒု-စည်းမှူး ဦးဖြိုးဇော်အောင်နှင့် ရပ်/ကျေး ပါတီကော်မတီဝင်များ၊ လူငယ် ရေးရာ၊ အမျိုးသမီးလူငယ်ရေးရာ ခေါင်းဆောင်နှင့်ကော်မတီဝင်များ က ပူးပေါင်းလိုက်ပါဆောင်ရွက်ခဲ့ ကြကြောင်းသိရသည်။

တင်မောင်ဇော်(တိုက်ကြီး)