တံတားဦးမြို့နယ်မီးဘေးသင့်ပြည်သူများအား မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေနှင့်စားသောက်ဖွယ်ရာများ ကူညီထောက်ပံ့အားပေး

 

တံတားဦး မတ် ၂၇

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ခေါင်းကွဲရွာရှိ မီးဘေးသင့်ပြည်သူ များအား တံတားဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ယခုလ ၂၅ ရက် နံနက် ၁၁ နာရီ တွင် သွားရောက်၍ အလှူငွေနှင့်စားသောက်ဖွယ်ရာ များကို ကူညီထောက်ပံ့ကာ အားပေးနှစ်သိမ့်ခဲ့ကြ သည်။

ထိုသို့ ကူညီထောက်ပံ့ရာသို့ တံတားဦးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးဝင်းမင်းထွန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ၊ ပါတီဝင်များ လိုက်ပါခဲ့ပြီး မြို့နယ်ပြည် ခိုင်ဖြိုးပါတီမှကူညီထောက်ပံ့သောအလှူငွေ၊ ခေါက်ဆွဲခြောက် ထုပ်များနှင့် ရေသန့်များကို မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီ ကော်မတီဝင်များကပေးအပ်ခဲ့ရာ မီးဘေးသင့်ပြည်သူများမှ လက်ခံ ရယူခဲ့ပြီး မီးဘေးသင့်ပြည်သူများကို အားပေးစကားပြောကြား ခဲ့သည်။

အဆိုပါ တံတားဦးမြို့နယ် ခေါင်းကွဲကျေးရွာတွင် ယခုလ ၂၅ ရက် မွန်းလွဲ ၁၂နာရီကျော်မှ ၁၂ နာရီခွဲအထိ မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ရာ လူနေအိမ်ခြောက်လုံး မီးဘေးသင့်ခဲ့ရပြီး အိမ် ထောင်စုခြောက်စုမှ ပြည်သူ ၂၈ ဦး မီးဘေးဒဏ်ခံစားခဲ့ရကာ မီးဘေးသင့်ပြည်သူများအနေဖြင့် ကျေးရွာအတွင်းရှိ နီးစပ်ရာ ဆွေမျိုးများ၏ နေအိမ်များတွင် ယာယီနေထိုင်လျက်ရှိကြောင်း သိရသည်။

သုတ