ချန်ပီယံဘွဲ့အတွက် အောင်လအန်ဆန်ကို ယခုနှစ်အတွင်း စိန်ခေါ်မည်ဟု ဘစ်တာလီဘစ်ဒက်ရှ် ကြုံးဝါး

MMA မစ်ဒယ်ဝိတ်တန်း ချန်ပီယံဟောင်း ရုရှားနိုင်ငံသား ဘစ်တာလီဘစ်ဒက်ရှ်က လက်ရှိ ချန်ပီယံ အောင်လအန်ဆန်ကို ယခုနှစ်အတွင်း ပြန်လည်စိန်ခေါ်မည်ဖြစ်ပြီး ချန်ပီယံခါးပတ် ပြန်လည်ရယူမည်ဖြစ်ကြောင်း ကြုံးဝါးသည်။ မြန်မာ့စပါးအုံးမြွေဟု ကျော် ကြားသည့် အောင်လအန်ဆန် သည် ပြီးခဲ့သည့် ၂၀၁၇ ဇွန်လက ရန်ကုန်မြို့တွင် ကျင်းပသည့် MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံလုပွဲ၌ ရုရှားနိုင်ငံသား ဘစ်တာလီ ဘစ်ဒက်ရှိကို အမှတ် ဖြင့် အနိုင်ယူကာ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့သည်။

‘‘ကျွန်တော် One Cham-pionship အဖွဲ့နဲ့ ဒိုင်တွေကို လေး စားပါတယ်။ ဒါပေမဲ့ အဲဒီပွဲရဲ့ ဆုံးဖြတ်ချက်ကိုတော့ သဘော မတူပါဘူး။ ကျွန်တော်ထင်ပါ တယ်။ အောင်လအန်ဆန်ဟာ ချန်ပီယံခါးပတ်နဲ့ မထိုက်တန် သေးပါဘူး။ အဲဒီပွဲမှာ ကျွန်တော့် ရဲ့ နည်းစနစ်မှားယွင်းမှုတွေရှိခဲ့ ပါတယ်။ အိမ်ကွင်းပရိသတ်အား နဲ့ ကျွန်တော့်ကို အနိုင်ယူသွားတာပါ။ ဒါကြောင့် ကျွန်တော်ချန်ပီယံ ခါးပတ်ရအောင် ပြန်ကြိုးစားသွားမယ်’’ဟု ဘစ်တာလီ ဘစ်ဒက်ရှ် ၏ ပြောကြားမှုကို One Champion-ship ဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်။

အသက် (၃၃)နှစ်အရွယ် ဘစ်တာလီဘစ်ဒက်ရှ်သည် ချန်ပီ ယံခါးပတ်ကို လက်လွှတ်ခဲ့ရပြီး နောက်ပိုင်း ခုနစ်လအတွင်း ပြိုင်ပွဲယှဉ်ပြိုင်ထားခြင်းမရှိသော်လည်း လာမည့် ဇန်နဝါရီ ၂၀ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ မြို့၌ ကျင်းပမည့် King Of Courage ပြိုင်ပွဲတွင် ဘရာဇီးနိုင်ငံသား လီယမ်ဒရိုအက်တီးစ်နှင့် ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။

ယင်းပွဲစဉ်တွင် အနိုင်ရရှိသူ က လက်ရှိချန်ပီယံ အောင်လအန်ဆန်ကို စိန်ခေါ်ခွင့်ရရှိမည်ဖြစ်ပြီး ဘစ်ဒက်ရှ်က အောင်လနှင့် ပြန်လည်ယှဉ်ပြိုင်မည့် ပွဲစဉ်ကိုသာ အာရုံစိုက်ထားပြီး ချန်ပီယံခါးပတ် ပြန်လည်ရယူလိုကြောင်း ပြောကြားထားသည်။

‘‘ကျွန်တော် ရန်ကုန်မှာ လာထိုးခဲ့တုန်းက ပြိုင်ပွဲမစခင် သုံးရက်လောက် ကြိုရောက်တယ်။ ရန်ကုန်က ရာသီဥတုနဲ့ ကျွန်တော် အသားမကျဘူး။ ကျွန်တော်က ရုရှားနိုင်ငံသားလေ။ အခုတော့ ဂျကာတာမှာ ထိုးမယ့်ပွဲအတွက် အရှေ့တောင်အာရှ ရာသီဥတုနဲ့ အသားကျအောင် ထိုင်းကို နှစ်လလောက် ကြိုပြီးလာလေ့ကျင့်နေတယ်။ ဇန်နဝါရီ ၂၀ ရက်အတွက် အဆင်သင့်ဖြစ်နေပြီ။ ဒီပွဲနိုင်ရင်တော့ အောင်လနဲ့ ပြန်တွေ့ဦးမှာပါ’’ဟု ဘစ်ဒက်ရှ်က ပြောသည်။

ကိုယ်ခံပညာပေါင်းစုံ အသုံးပြုယှဉ်ပြိုင်သည့် MMA ပြိုင်ပွဲများ ကျင်းပသည့် One Champion-ship 2018 ပြိုင်ပွဲကျင်းပရေး ပြက္ခဒိန်တွင် လာမည့်နှစ်အတွင်း အာရှနိုင်ငံများ၏ MMA ပြိုင်ပွဲ ၂၄ ပွဲကျင်းပမည်ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံ၌ အောင်လအန်ဆန် ချန်ပီယံကာ ကွယ်ပွဲပါဝင်မည့် MMA ပြိုင်ပွဲ တစ်ပွဲသာ ကျင်းပမည် ဖြစ်သည်။ အသက် (၃၂)နှစ်အရွယ် ကချင် တိုင်းရင်းသား အောင်လအန်ဆန် သည် MMA ပြိုင်ပွဲတစ်လျှောက် ပွဲစဉ် ၃၁ ပွဲယှဉ်ပြိုင်ရာ ၂၁ ပွဲနိုင်၊ ၁၀ ပွဲရှုံးနိမ့်ထားသည်။ ဘစ်ဒက်ရှ် က ပွဲစဉ် ၁၀ ပွဲယှဉ်ပြိုင်ခဲ့ရာ ကိုးပွဲ နိုင်၊ တစ်ပွဲရှုံးနိမ့်ထားသည်။ (7days)