အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ ရန်ကုန်မြို့တွင် ကျင်းပမည်

မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်အား နိုဝင်ဘာ ၃ ရက်က ရန်ကုန်မြို့တွင် ကျင်းပသည့် MMA ပြိုင်ပွဲ၌ တွေ့ရစဉ်

 MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံအောင်လအန်ဆန် ၏ ချန်ပီယံဆုကာကွယ်ပွဲကို ရန်ကုန်မြို့တွင် ကျင်းပမည် ဖြစ်ကြောင်း ပွဲစီစဉ်သူ  ဦးဇေသီဟက ပြောကြားသည်။

အဆိုပါပြိုင်ပွဲကို ၂၀၁၈ ဖေ ဖော်ဝါရီ ၂၄ ရက်တွင် ကျင်းပရန်စီစဉ်ထားပြီး အောင်လအန်ဆန်နှင့် ယှဉ်ပြိုင် ထိုးသတ်မည့် ပြိုင်ဘက်ကိုမူ လက်ရှိအချိန်ထိ မရွေးချယ်ရသေးကြောင်း ၎င်းက ဆိုသည်။

မြန်မာ့စပါးအုံးမြွေဟု ကျော်ကြားသည့် အောင်လအန်ဆန် သည် ပြီးခဲ့သည့်ဇွန်လက ရန်ကုန် မြို့တွင် ကျင်းပသည့် MMA မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံလုပွဲ ၌ ရုရှားနိုင်ငံသား ဘစ်တာလီဘစ် ဒက်ရှ်ကို အမှတ်ဖြင့်အနိုင်ယူကာ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့သည်။

‘‘အောင်လရဲ့ ချန်ပီယံကာ ကွယ်ပွဲကို ရန်ကုန်မှာပဲ လုပ်ဖြစ် မှာပါ။ နေရာတော့သေချာမသတ် မှတ်ရသေးပါဘူး။ သုဝဏ္ဏပဲဖြစ်ဖို့ တော့များပါတယ်။ အောင်လနဲ့ ထိုးသတ်မယ့်ပြိုင်ဘက်ကိုလည်း ရွေးချယ်နေတုန်းပဲ ရှိပါသေး တယ်။ အခုထိ မဆုံးဖြတ်ရသေး ပါဘူး။ သိတာနဲ့ ကြေညာပေးပါ့ မယ်’’ ဟု ဦးဇေသီဟက ပြော သည်။

ကိုယ်ခံပညာပေါင်းစုံအသုံး ပြုယှဉ်ပြိုင်သည့် MMA ပြိုင်ပွဲများ ကျင်းပသည့် One Champions-hip  ၂၀၁၈ ပြိုင်ပွဲကျင်းပရေး ပြက္ခဒိန်တွင် လာမည့်နှစ်အတွင်း အာရှနိုင်ငံများ၏ MMA ပြိုင်ပွဲ ၂၄ ပွဲကျင်းပမည်ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံ၌ အောင်လအန်ဆန် ချန်ပီယံကာ ကွယ်ပွဲပါဝင်မည့် MMA ပြိုင်ပွဲ တစ်ပွဲသာ ကျင်းပမည်ဖြစ်သည်။ အသက် (၃၂)နှစ်အရွယ် ကချင် တိုင်းရင်းသား အောင်လအန်ဆန် သည် MMA ပြိုင်ပွဲတစ်လျှောက် ပွဲစဉ် ၃၁ ပွဲယှဉ်ပြိုင်ရာ ၂၁ ပွဲနိုင်၊ ၁၀ ပွဲရှုံးနိမ့်ထားသည်။  (7days)