ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံ ဟာမီလ်တန် ယခုနှစ်အတွက် ပထမဆုံးနိုင်ပွဲ ရရှိ

13329422_1721146581471559_6783166270919151740_o

Photo: AFP

၂၀၁၆ ရာသီ ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲ၏ ဆဋ္ဌမမြောက်ပွဲစဉ်ဖြစ်သည့် မိုနာကို ဂရင်းပရီပြိုင်ပွဲကို မေ ၂၉ ရက်က ကျင်းပခဲ့ရာ မာစီးဒီးစ်အသင်းမှ လက်ရှိ ကမ္ဘာ့ချန်ပီယံ ဗြိတိန်နိုင်ငံသား လူးဝစ်ဟာမီလ်တန် အနိုင်ရ ဗိုလ်စွဲခဲ့ကြောင်း သိရသည်။

ဟာမီလ်တန်သည် စမ်းသပ်မောင်းနှင်မှုတွင် တတိယနေရာသာရရှိသော်လည်း ထိပ်ဆုံးမှ တာထွက်ခွင့်ရခဲ့သည့် ရီစီယာဒို (ရက်ဘူးလ်)ကို ကျော်ဖြတ်ကာ စုစုပေါင်း ယှဉ်ပြိုင်ချိန် တစ်နာရီ ၅၉ မိနစ် ၂၉ ဒသမ ၁၃၃ စက္ကန့်ဖြင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

ဟာမီလ်တန်သည် ယခုရာသီတွင် ပထမဆုံး နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ချန်ပီယံအမှတ်ပေးဇယားတွင် ထိပ်ဆုံးမှ အသင်းဖော် ဂျာမနီ နိုင်ငံသား ရော့စ်ဘတ် (၁၀၆ မှတ်) ကို ၂၄ မှတ်အကွာဖြင့် ဆက်လက်ဖိအားပေးနိုင်ခဲ့သည်။


Leave a Reply