တစ်ရက်ပေါင် ၇၁၄၂၈၊ တစ်ပတ်ကိုပေါင် ၅၀၀၀၀၀ နဲ့ ဂျူဗင်တပ်ကို ရောက်သွားတဲ့ စီရော်နယ်ဒို

ရီးရဲလ်မက်ဒရစ်အသင်းဟာ တိုက်စစ်မှူး စီရော်နယ်ဒိုကို ဂျူဗင်တပ်အသင်းဆီ ပေါင် ၈၈ သန်းနဲ့ ရောင်းချလိုက်ပြီ ဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။

ဒီတန်ကြေးကို ဂျူဗင်တပ်ဘက်က ၂ နှစ်အတွင်း ပေးချေသွားရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ ရီးရဲလ်မှာ ၉ ရာသီကြာ ကစာခဲ့ပြီးနောက် သူ့ကစားသမားဘ၀ကို အသင်းသစ်တစ်ခုနဲ့ ပြန်လည်စတင်လိုက်တာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

စီရော်နယ်ဒိုဟာ ရီးရဲလ်အတွက် ၄၃၈ ပွဲ ကစားခဲ့ရာမှာ ၄၅၁ ဂိုးသွင်းယူခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်ဖလား ၄ ကြိမ် အပါအ၀င် ဆုဖလားပေါင်း ၁၆ လုံးဆွတ်ခူးခဲ့သူဖြစ်ပါတယ်။

သူဟာဂျူဗင်တပ်မှာ တစ်ပတ်လစာပေါင် ၅၀၀၀၀၀ရရှိမယ်လို့လည်း သိရပါတယ်။ ဒါကြောင့် သူ့တစ် ရက်လုပ် အားခက ပေါင် ၇၁၄၂၈ ဖြစ်ပြီး တစ်လကို ပေါင် ၂ သန်းနဲ့ တစ်နှစ်ကို ပေါင် ၂၆သန်း ရရှိမှာ ဖြစ်ပါတယ်။ သူဟာ ဂျူဗင်တပ်မှာ ကျောနံပါတ် ၇ ကိုဘဲ ဆက်လက်ဝတ်ဆင်မှာဖြစ်ပါတယ်။

90Minutes