ပြန်ပေးဆွဲခံထားရတဲ့ မက္ကဆီကို လက်ရွေးစင်တိုက်စစ်မှုး ပြန်လည် လွတ်မြောက်လာ

13346982_1022227401205414_6134089654206299209_n

နိုင်ငံတကာ ဘောလုံး သမားတစ်ယောက်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မက္ကဆီကို အရှေ့ မြောက်ဘက်မှာ ပါတီပွဲတစ်ခုက အပြန် လူတစ်စုရဲ့  ဖမ်းဆီးခေါ်ဆောင် သွားခြင်းကို ခံလိုက်ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ အပြီးမှာ အခုတော့ ထို ဘောလုံးသမားကို ပြန်လည် ကယ်တင်လိုက်နိုင်ပြီဖြစ်တယ်လို့ တရားဝင် သတင်းတွေ ထွက်ပေါ်လာပါတယ်။

မက္ကဆီကို ကလပ်အသင်း ဖြစ်တဲ့ အိုလံပီယာကို့စ် အသင်းရဲ့ တိုက်စစ်မှုး အလန် ပူလီဒို ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညက မက္ကဆီကိုနိုင်ငံ Tamaulipas ပြည်နယ်အတွင်းမှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ထိုပြည်နယ် လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ သူ့ကို နောက်တစ်နေ့မနက်မှာပဲ ပြန်လည် ကယ်တင်လိုက်နိုင်တယ်လို့ ဆိုပါတယ်။

သတင်းဖော်ပြချက်တွေအရတော့ မျက်နှာဖုံးစွပ် အမျိုးသား ၆ ယောက်ဟာ ထို ဘောလုံးသမားကို အင်အားသုံး ဖမ်းဆီးခေါ်ဆောင်သွားပြီး ကားပါကင်တစ်ခုအတွင်း ခေါ်ဆောင်သွားခဲ့ပါတယ်။ ဒါဟာ ပြန်ပေးဆွဲဖို့ ကြိုးစားခြင်း ဖြစ်တယ်လို့လည်း သက်ဆိုင်ရာရဲ တပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

မက္ကဆီကို နိုင်ငံအသင်းအတွက် ၆ ပွဲကစားပြီး ၄ ဂိုးသွင်းပေးထားတဲ့ အသက် ၂၅ နှစ်အရွယ်ရှိတဲ့ လက်ရွေးစင် တိုက်စစ်မှုးဟာ ပြန်လည် လွတ်မြောက်လာတဲ့ နောက်မှာ ဆေးကုသမှု အနည်းငယ် ခံယူထားရတယ်လို့ သိရပြီး သူ့ကို ဖမ်းဆီးနေစဉ်မှာ လွတ်မြောက်ကျန်ရှိခဲ့တဲ့ သူ့ရဲ့ ချစ်သူ ကောင်မလေးကတော့ ဒဏ်ရာ တစ်စုံတစ်ရာ ရရှိခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

မက္ကဆီကို နိုင်ငံဟာ ကမ္ဘာပေါ်မှာ ပြန်ပေးဆွဲမှု အများဆုံး ဖြစ်ပွားတဲ့ နိုင်ငံဖြစ်ပြီး နှစ်စဉ် လူ ၁၀၀၀ ခန့်ဟာ ပြန်ပေးဆွဲခံနေရတယ်လို့ စစ်တမ်းကောက်ယူမှု တွေအရ သိရပါတယ်။

Ref:metro.co.uk
Trend myanmar


Leave a Reply